Monday, August 3, 2026

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့...

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ ယနေ့ သြဂုတ် ၃ ရက်နံနက် ၉...

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...
HomeNewsLocal Newsသံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့အား လက်ရှိအ​ခြေ​နေ...

သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့အား လက်ရှိအ​ခြေ​နေ ရှင်းပြ

သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့အား လက်ရှိအ​ခြေ​နေ ရှင်းပြ

မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်း နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တို့အား ရှင်းလင်းပြောကြားမှုအစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ အင်္ဂါနေ့ကပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ပြန်လည်ကျင်းပသွားရန်ကိစ္စ၊နစက ကောင်စီတွင် အရပ်သားများပါပါသည့်အတွက် စစ်ဘက်အုပ်ချုပ်ရေး မဟုတ်သည့်အကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ၏ တူညီဆန္ဒ (၅)ချက်နှင့်ပတ်သက်၍ ပတ်သက်၍ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ကျင်းပမည့် လာမည့်ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊နစကဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာဒေါ်ရင်ရင်နွယ် ကလည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိစ္စ အကြောင်းအရင်းနှင့် အခြေအနေမှန် များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အောင်ဌေးမြင့်က လက်ရှိအခြေအနေ စသည်တို့ကို ရှင်းလင်းခဲ့သည်ဟု သိရှိရသည်။

နစကဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းငွန် ကျုံးလျန်က နစကသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပါပြဋ္ဌာန်း ချက်များနှင့်အညီ နိုင်ငံတော်တာဝန်များကို ရယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟုသိရသည်။

Zaw Gyi

သံတမန္မ်ားႏွင့္ ကုလသမဂၢဌာေနကိုယ္စားလွယ္တို႔အား လက္ရွိအ​ေျခ​ေန ရွင္းျပ

ျမန္မာႏိုင္ငံ၏ လက္ရွိျပည္တြင္း ႏိုင္ငံေရး အေျခအေနမ်ားႏွင့္ပတ္သက္၍ ရန္ကုန္ၿမိဳ႕ရွိ သံတမန္မ်ားႏွင့္ ကုလသမဂၢ ဌာေနကိုယ္စားလွယ္တို႔အား ရွင္းလင္းေျပာၾကားမႈအစီအစဥ္ကို ႏိုင္ငံျခားေရးဝန္ႀကီးဌာန(ရန္ကုန္)၊ ဝန္ဇင္းမင္းရာဇာခန္းမ၌ အဂၤါေန႔ကျပဳလုပ္ခဲ့သည္။

အဆိုပါ ရွင္းလင္းေျပာၾကားမႈအစီအစဥ္တြင္ ျပည္ေထာင္စုဝန္ႀကီးဦးဝဏၰေမာင္လြင္က ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ အေရးေပၚကာလ ျပ႒ာန္းခ်က္မ်ား ေဆာင္႐ြက္ၿပီးစီးပါက ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ား ျပန္လည္က်င္းပသြားရန္ကိစၥ၊နစက ေကာင္စီတြင္ အရပ္သားမ်ားပါပါသည့္အတြက္ စစ္ဘက္အုပ္ခ်ဳပ္ေရး မဟုတ္သည့္အေၾကာင္း စသည္တို႔ကို ေျပာၾကားခဲ့သည္။

ယင္းအျပင္ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္သည့္အားေလ်ာ္စြာ အာဆီယံ မူေဘာင္ေအာက္တြင္ ပူးေပါင္းေဆာင္႐ြက္မႈ၊ အာဆီယံ၏ တူညီဆႏၵ (၅)ခ်က္ႏွင့္ပတ္သက္၍ ပတ္သက္၍ ျမန္မာႏိုင္ငံမွ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားႏွင့္ ကုလသမဂၢတြင္ ျမန္မာႏိုင္ငံမွ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားကိုလည္း အေသးစိတ္ ရွင္းလင္း ေျပာၾကား ခဲ့ခဲ့သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္ႏွင့္အညီ က်င္းပမည့္ လာမည့္ေ႐ြးေကာက္ပြဲ အတြက္ ျပင္ဆင္ေဆာင္႐ြက္ထားမႈမ်ား၊နစကဥကၠ႒၏ အႀကံေပးအဖြဲ႕ဝင္ ေဒါက္တာေဒၚရင္ရင္ႏြယ္ ကလည္း ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကိစၥ အေၾကာင္းအရင္းႏွင့္ အေျခအေနမွန္ မ်ား၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ရဲမႉးခ်ဳပ္ ေအာင္ေဌးျမင့္က လက္ရွိအေျခအေန စသည္တို႔ကို ရွင္းလင္းခဲ့သည္ဟု သိရွိရသည္။

နစကဥကၠ႒၏ အႀကံေပးအဖြဲ႕ဝင္ ေဒါက္တာ ဆလိုင္းငြန္ က်ဳံးလ်န္က နစကသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈)ပါျပ႒ာန္း ခ်က္မ်ားႏွင့္အညီ ႏိုင္ငံေတာ္တာဝန္မ်ားကို ရယူခဲ့ျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္ဟုသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071