ဇွန် ၂၅
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်သည် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အခွင့်မရှိဘဲဝင်ရောက် နှောင့်ယှက်ရန် ကြိုးပမ်းသည့် ‘ကျူးကျော်သူ’ များကို ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ရှုတ်ချခဲ့ပြီး ထိုသူများသည် ဘန်ကောက်မှ ခေါင်းဆောင်များ၏ညွှန်ကြားချက်အတိုင်းလုပ်ဆောင်နေကြသည်ဟု ဆိုခဲ့သည်။ ‘လာမည့်သုံးလအတွင်း ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်ဖြစ်လာမည်ဟု ကျွန်ုပ်ခန့်မှန်းထားပြီး မည်သူမည်ဝါဖြစ်မည်ကို ကျွန်ုပ်သိထားပြီးဖြစ်သည်’ ဟု ထည့်သွင်းပြောကြားခဲ့သည်။
မစ္စတာဟွန်၏ ပြင်းထန်သောသဘောထားထုတ်ဖော် ကြေညာချက်ကို အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဟွန်ဆင်က ထိုင်းနိုင်ငံသားတစ်စုသည် ကမ္ဘောဒီးယားနိုင်ငံ၏နယ်နိမိတ်အတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်းသာမက၊ မိမိ၏ ဖေ့ဘုတ် စာမျက်နှာကိုလည်း ဝင်ရောက်ခြင်း၊ အထူးအရေးပါသည့်အရာများကို ချိုးဖေ-ာက်ရန်ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
လာမည့်သုံးလအတွင်း ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်ဖြစ်လာမည်ဟု ၎င်းက ထပ်လေ-ာင်းပြောကြားခဲ့ပြီး ၎င်းသည် မည်သူမည်ဝါဖြစ်သည်ကို သူသိထားပြီးဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး “ဒီနေ့ ကျွန်တော့်ရဲ့ ပို့စ်က ဒီကျူးကျော်သူတွေ ကျွန်တော့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဘယ်လိုအနှောင့်အယှက်ပေးလဲဆိုတာ နားလည်ဖို့ ရည်ရွယ်ပါတယ်။
၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုအပေါ် အခြေခံ၍ ကြည့်ရလျှင် ဘန်ကောက်ရှိ ခေါင်းဆောင်များက ရှင်းလင်းသော အမိန့်များကို ထုတ်ပြန်ခဲ့ကြောင်း ကျွန်ုပ်တို့ အကဲဖြတ်သုံးသပ်နိုင်ပါသည်။
ဤကျူးလွန်မှုသည် သာမန်နယ်နိမိတ်ကျူးကျော်မှုထက် ကျော်လွန်သွားပြီး၊ ကျွန်ုပ်၏ ဖေ့ဘုတ်အကောင့်ထဲကိုတောင် လှမ်းဝင်ကြိုးစား ဖျ-က်ဆီးမှုအထိ ရောက်ရှိနေပြီဖြစ်သည်။”
“ယခုအခြေအနေကိုသုံးသပ်ကြည့်ရလျှင် ၎င်းတို့၏ ပြည်တွင်းပဋိပက္ခမှ ကမ္ဘောဒီးယားနှင့် ထိပ်တို-က်တွေ့မှုဆီသို့ အာရုံပြောင်းရန် ကြိုးပမ်းမှုအဖြစ် ကျွန်ုပ်တို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။”
“သို့သော်လည်း မည်မျှပင် ကြိုးစားအားထုတ်နေပါစေ ၎င်းတို့၏ ပြည်တွင်း အာဏာလွန်ဆွဲပွဲကို အလွယ်တကူ ဖြေရှင်းနိုင်မှာမဟူတ်ပါဘူး။”
နောက်သုံးလအတွင်း ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်ဖြစ်လာမယ်ဟု ခန့်မှန်းထားပြီး မည်သူဖြစ်မည်ဆိုသည်ကို သိထားပြီးသားဖြစ်သော်လည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ အံ့သြကြပါစေ။ ပါဝင်ပတ်သက်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အစား သူတို့ရဲ့ပြည်တွင်းအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အာရုံစိုက်ဖို့ တိုက်တွန်းချင်ပါတယ်။”ဟု ဟွန်ဆန်က ရေးသားပြောကြားခဲ့သည်။
Ref: ခမာတိုင်းမ်စ်