သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ ဗုဒ္ဓစွယ်တော်တို-က်မှ ဗုဒ္ဓစွယ်တော်အား လှည့်လည်အပူဇော်ခံရာ၌ ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ရာတွင်အသုံးပြုနိုင်ရန် “အောင်မြန်မာချို”မင်္ဂလာဆင်ရတနာအား မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးဆရာတော်ထံ ယနေ့လ စက်တင်ဘာ ၆ ရက်နံနက် ၈ နာရီက လွှဲအပ်လှူဒါန်းခဲ့သည်။
အဆိုပါ “အောင်မြန်မာချို”မင်္ဂလာဆင်ရတနာသည် (၅)နှစ်သားအရွယ်ရှိကာ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ဃ-(၃)ရပ်ကွက်နေ ဒေါ်အမာချို (TC)ဝေယံသိန်းချို(မိသားစု)မှ ငွေကျပ်သိန်း (၁,၂၀၀)ဖြင့်ဝယ်ယူလှူဒါန်းခြင်းဖြစ်သည်။
“အောင်မြန်မာချို”မင်္ဂလာဆင်ရတနာလှူဒါန်းပွဲသို့ နိုင်ငံတော်သံဃနာယကအဖွဲ့ မဟာဝိသုန္ဓာရုံတိုက်၊ ရတနာပုံ ရွှေနှင်းဆီကျောင်းဆရာတော်၊ မန္တလေးတိုင်းဒေသကြီးသဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ(ရွှေကျင်) ဖလ်ချက်ဝန်ကျောင်းဆရာတော်နှင့် သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။
