Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsသီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ပလင်းကမ်းသာယာဆင်စခန်းသို့...

သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ် လေ့လာနိုင်မည်ဖြစ်

လာမည့် သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ် လေ့လာနိုင်မည်ဖြစ်ကြောင်း အဆိုပါဆင်စခန်းမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း ညောင်ဦးမြို့မှ (၅)မိုင်အကွာ ညောင်ဦး-ပခုက္ကူ-မြင်းခြံကားလမ်းမကြီးဘေးအနောက် ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့ တဆက်တစပ်တည်း လာရောက်အပန်းဖြေလည်ပတ် လေ့လာနိုင်ကြောင်း သိရသည်။

မြန်မာပြည်အရပ်ရပ်တွင် ဖွင့်လှစ်ထားရှိသည့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း ဆင်စခန်း (၂၂)ခု အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပလင်းကမ်းသာယာဆင်စခန်းအား ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းသည် ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသည့်ဆင်စခန်းဖြစ်ကာ ဆင်စီးလမ်းကြောင်းကိုလည်း မြစ်ကမ်းဘေး ကမ်းပါးကုန်းမြင့် တလျှောက်တောတွင်း ဆင်စီးသည့်ပုံစံ ဆောင်ရွက်ထားပြီး ဧရာဝတီမြစ်ရှုခင်းအလှအား ဆင်စီးရင်းကြည့်ရှုနိုင်ကြောင်းသိရသည်။

ဆင်စခန်း ဝင်ကြေးအနေဖြင့် နိုင်ငံသားတစ်ဦးလျှင် (၁,၀၀၀) ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် (၁၀,၀၀၀)ကျပ်သတ်မှတ်ထားပြီး အသက် (၁၀)နှစ်အောက် ကလေးငယ်များ၊ ရဟန်း၊ သံဃာ၊ သီလရှင်များအား ဆင်စခန်းဝင်ကြေး ကင်းလွတ်ခွင့်သတ်မှတ်ထားကြောင်းနှင့် ဆင်စီးခအနေဖြင့် နိုင်ငံသားတစ်ဦးလျှင် (၅,၀၀၀)ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှ င် (၁၀,၀၀၀)ကျပ်သတ် မှတ်ထား ကြောင်းသိရသည်။

ဆင်စခန်းတွင် ဆင်ခြောက်ကောင်ရှိပြီး ဆင်ထီး နှစ်ကောင်၊ဆင်မ (၄)ကောင်ရှိကာ အသက်အကြီးဆုံး အသက် (၃၃) နှစ် နှင့် အသက်အငယ်ဆုံး ဆင်မှာ (၂)နှစ် (၁၀)လသားဖြစ်ကြောင်း သိရသည်။

ဆင်စခန်းသို့ လာရောက်လည်ပတ်သူများ အပန်းဖြေနားနေနိုင်ရန် ဧရာဝတီမြစ်ကမ်းဘေးတွင် လုံးခြင်းနားနေတဲငယ်များဆောင်ရွက်ထားကြောင်း၊ သစ်ပင်ကြီးများကြားတွင် လင့်စင်သဖွယ်တည်ဆောက်ထားသည့် (Tree House) တွင်လည်းလေညှင်းခံရှုခင်းကြည့်ရင်း အပန်းဖြေနိုင်ကြောင်းသိရသည်။

အစားအသောက်များ မှာယူသုံးဆောင်နိုင်ရန်လည်း အညာဒေသထွက် အသုပ်စုံများ၊ အအေးအချိုရည်၊ ကော်ဖီ၊ ထမင်း/ဟင်းလျာများလည်း ရရှိအောင်ဆောင်ရွက်ထားပြီး တဲများတွင် နားနေရင်း အစားအစာများ စိတ်အေးချမ်းသာစွာ မှာယူသုံးဆောင်နိုင်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071