Tuesday, December 16, 2025

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့်...

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင်...

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...
HomeNewsLocal Newsသီတင်းကျွတ်ပွဲကာလ ကျိုက်ထီးရိုးသို့ ဘုရားဖူးယမန်နှစ်ထက်...

သီတင်းကျွတ်ပွဲကာလ ကျိုက်ထီးရိုးသို့ ဘုရားဖူးယမန်နှစ်ထက် ၃ဆ ကျော်လာရောက်ခဲ့

ယခုနှစ် သီတင်းကျွတ်ပွဲတော်တွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားဖူးပြည်သူ (၄၀,၀၀၀) ကျော်လာရောက် ဖူးမြော်ကြည်ညိုခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးစေတီ ဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားပွဲတော်၏ဖွင့်ပွဲကို ကျင်းပလေ့ရှိသည်။

ယခုနှစ်တွင် ဘုရားဖူးပေါင်း (၄၀,၀၀၀)ကျော်လာရောက်ဖူး မြော်ကြည်ညိုခဲ့ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ် သီတလင်းကျွတ်ကာလနှင့် နှိုင်းယှဉ်ပါက (၃)ဆဝန်းကျင်ပိုမိုများပြားကြောင်း သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူး သီတင်းကျွတ်ကာလ၊ တန်ဆောင်တိုင်ပွဲတော် ကာလနှင့် ဒီဇင်ဘာ နှစ်သစ်ကူးကာလတို့တွင် ဘုရားဖူးများပြားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ အလှူငွေကျပ်သိန်း (၁ဝဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား ပြန်ကြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးရဲတင့်မှ နိုင်ငံတော်ယာယီသမ္မတ (ကိုယ်စား)ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ အလှူငွေကျပ်သိန်း (၃၀)၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၅၆) သိန်း၊ ရန်ကုန်တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ဆော်ဒီ သဘောတူ

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် အရှေ့အလယ်ပိုင်း သံခင်းတမန်ခင်းနှင့်ပတ်သက်၍ ရီယာ့ဒ်၏ အခန်းကဏ္ဍကို ပေကျင်းက ချီးကျူးကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဖြင့်စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းသုံးနိုင်ငံကို ခရီးသွားရောက်နေခြင်းဖြစ်ကာ ဂျော်ဒန်တွင် ခရီးစဉ် ကို အဆုံးသတ်ရန် စီစဉ်ထားသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင် ဖာဟန် အယ်လ်ဆော့ဒ်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဌာနက...

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့်အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာမဲရုံများအတွင် စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ မဲပေးစက်များ ပျ-က်ဆီးမှုမရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောသည်။ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071