မိုးရာသီကာလကုန်ဆုံးတော့မှာဖြစ်လို့ ပွဲစျေးများလည်း ခင်ကျင်းလာကြတော့မယ်။ စျေးဝယ်စင်တာ တွေ ပေါ်လာပေမယ့် လူတွေက စျေးပွဲ/ပွဲစျေး တွေ ကို လျှောက်ချင်ကြတုန်းပါပဲ။
မြန်မာပြည်မပြောနဲ့ ထိုင်းနိုင်ငံတောင် လေဟာပြင်စျေး၊ညစျေး၊လမ်းဘေးစျေး ဆိုပြီး စျေးချိုတဲ့စားသောက်တန်းတွေ ပစ္စည်းတန်းတွေ ပေါနေတုန်းပါပဲ။
ပွဲစျေးရဲ့ အရသာက စားစရာအစုံအလင် ဝယ်စားကြသလို ကစားစရာအစုံအလင်ကိုလည်း ကစားကြရတော့ ပျော်ရွှင်မှုတွေဟာစွမ်းအင်တမျိုးလိုခံစားကြရလို့ မိသားစုလိုက် ပွဲစျေးလျောက်ကြတာပါ။
ပွဲဈေးလျှောက်တဲ့ မိသားစုတွေ၊ ချစ်သူစုံတွဲတွေနဲ့ ခလေးလူကြီး ကြိတ်ကြိတ်တိုးစည်ခဲ့တဲ့ ကျွန်းတောလမ်းပွဲဈေးကတော့ စက်တင်ဘာ ၂၀ ရက်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ချားရဟတ်နဲ့ ပင်လယ်ဓားပြလှေကြီးစီးသူတွေကတော့ အလှည့်ရောက်ဖို့ပင် အတော်တိုးယူခဲ့ရပါတယ်။
ခုလည်းပဲ ပုဇွန်တောင်မြို့နယ် (၁၀)ရပ်ကွက်၊ ၅၂ လမ်း နဲ့ အနော်ရထာလမ်းမှာ သီတင်းကျွတ်အကြို ပျော်ပွဲရွှင်ပွဲ စျေးရောင်းပွဲ ကျင်းပနေပုံတွေကို ဖော်ပြလိုက်ပါတယ်။
မကြာမီကာလတွေမှာလည်း ရန်ကုန်မြို့ရဲ့ အထင်ကရ လမ်းလျှောက်ပွဲဈေးတွေဖြစ်တဲ့ ရေကျော်ပွဲဈေးနဲ့ လမ်းမတော်ပွဲဈေးတို့အပြင် မြို့နယ်အလိုက်ပွဲဈေးတွေကိုလည်း စည်ကားသိုက်မြိုက်စွာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
အားလုံးလည်း ဝါလကင်းလွတ်ကြချိန်မှာ သောကကင်းလွတ်ကြပြီး ကြည်နူးစွာ ပျော်ရွှင်နိုင်ကြပါစေ။
Photo- MK
