Sunday, January 4, 2026

ဆရာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တပ်မတော်သားများ၊...

လူမင်း၊ ပြေတီဦး၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့လည်းပါဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ယနေ့ ဇန်နဝါရီ ၄ ရက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်...

ထာဝရငြိမ်းချမ်းရေးတို့အတွက် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး...

ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး...
HomeNewsLocal Newsသီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ ကျောင်းတိုက်၊...

သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ ကျောင်းတိုက်၊ သီတဂူသန္နိပါတ ဘွဲ့နှင်းသဘင် အုတ်မြစ်တော်စီ မင်္ဂလာကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီကျောင်း တိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်းသဘင် အုတ်မြစ်တော်စီ မင်္ဂလာကို ဇန်နဝါရီလ (၂) ရက်၊ နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ကြီးတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သီတဂူဆရာတော်ကြီးထံတော်မှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများနှင့် အလှူရှင်များက သတ်မှတ်နေရာများ အသီးသီးတွင် အုပ်မြစ်တော်စီ မင်္ဂလာပြုလုပ်ခဲ့ကြပြီး အမွှေးနံ့သာရေများ ပ တ်ဖျန်းပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကရတနာကြုတ်များအား အုပ်မြစ်တော်အလယ်ဗဟိုရှိ သ တ်မှတ်နေရာများတွင် အုတ်မြစ်တော်စီမင်္ဂလာပြုလုပ်ခဲ့ကြပြီး သီတဂူဆရာတော်ကြီးနှင့်အတူ အမွှေးနံ့သာရေများပတ်ဖျန်းကာ ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆရာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တပ်မတော်သားများ၊ အနုပညာရှင်များ၊ လူပုဂ္ဂိုလ်များအားဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

လူမင်း၊ ပြေတီဦး၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့လည်းပါဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ယနေ့ ဇန်နဝါရီ ၄ ရက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ဖြင့် ကျိုင်းယင်းဆရာတော်ကြီး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်တို့အပါအဝင် လူပုဂ္ဂိုလ်များကို နိုင်ငံတော် ယာယီသမ္မတမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့သည်။ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတော်အတွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၏ "စည်သူဘွဲ့"အား ဘဒ္ဒန္တခေမာစာရ (ကျိုင်းယင်းဆရာတော်)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး...

ထာဝရငြိမ်းချမ်းရေးတို့အတွက် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်

ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။ ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကနေ ယာယီသမ္မတ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071