စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သာသနာတော်အတွက် ကုသိုလ်အကျိုးစီးပွားများတိုးပွားစေရန်ရည်ရွယ်၍ ဗီ ယက်နမ်နိုင်ငံမှ အလှူရှင် SASANAPUJA GROUP က ယနေ့ အောက်တိုဘာ ၂၆ ရက်နံနက် ၉ နာရီတွင် ကထိန်အလှူတော်မင်္ဂလာအား ဆင်ယင်ကျင်းပခဲ့သည်။
