ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၆)ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအား ယနေ့ ဖေဖော်ဝါရီ ၃ ရက်က ပထမနေ့အဖြစ်စတင်ခဲ့သည်။
အဆိုပါ ပထမနေ့ မျက်စိအလင်းအလှူတော်၌ မျက်စိဝေဒနာရှင်(၅၁၉)ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ဒုတိယနေ့ နှင့် တတိယနေ့တို့တွင်လည်း ဆက်လက်စမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ်သည်။
