Monday, February 2, 2026

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄...

၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား...

ပဲခူးတိုင်း၊ တောင်ငူမြို့၌ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ်ဖြတ်ကျော်နေ ရာတွင်တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ်...
HomePoemသိပံ္ပလမ်းဆုံး

သိပံ္ပလမ်းဆုံး

၆၂လမ်းကနေ အသေကောင်  လို ကွေ့လိုက်တာနဲ့

ကယ်ရီသမား အကိုကြီးတွေက တရွှတ်ရွှတ် လှမ်း ခေါ်တယ်

‘အဖိုးနည်း အိုးမကွဲ သန့်သန့်လေးတွေရမယ် ‘တဲ့ ။

သိပ္ပံလမ်းအဆုံးမှာ  တိုင်းပြည် အဆင်တန်ဆာတွေရှိတယ်

အရင်က  ၄ဝ ကျော် အရွယ်ဟိုင်းတွေရဲ့  ဈေးကွက် မျက်နှာစာ

တဖြည်းဖြည်းနဲ့ KTVလက်ကျ တွေအချိန်ပိုဆင်း ရာဖြစ်လာ

တချို့က မှောင်ရိပ်ခပ်ခိုခို

တချို့ကျ မီးတိုင်အောက်

တချို့ဟာ ကမ္ဘာကို ခါးစောင်း တင်ထားတဲ့ရုပ်နဲ့

တချို့မှာ စိတ်ပစ်လက်ပစ် ခြေပစ် လက်ပစ် တင်ပစ် ရင်ပစ်

ဒီညကစ သတိထားမိတာက

၁၃ နှစ်အရွယ်

နုနုထွတ်ထွတ် နွမ်းဖတ်ဖတ်လေးတွေ ဈေးကွက်အသစ် ဖွင့်နေကြ

ငယ်ဂုဏ်ရှိတယ် ပြောရမလား

လမ်းမီးတိုင်ကို ခပ်ရဲရဲမှီ ထားပုံက

နားထင်ကို အပိုင်ဖြုတ်မယ့် သေနတ်သမားလို

ပင်နယ်တီကန်သွင်းမယ့် တိုက်စစ်မှူးလို

မရဲတရဲနဲ့ ခပ်ရဲရဲရပ်နေသလိုမျိုး…

ခေတ်ကြောင့်လား

စနစ်ကြောင့်လား

လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း တိုးတိုးလေးဆဲမိတော့

‘အစ်ကို ငွေမလောက်လို့လား ညှိပေးမယ်လေ ‘တဲ့

ဘုရားရှေ့မှာ ကုသိုလ်ဖြစ် ငှက် လွှတ်ဈေးသည်လေသံနဲ့

ကယ်ရီသမားက ပြောတယ် …

‘ငွေလိုလို့ ဒီအလုပ်လုပ်ရတာ  ယင်ဖိုမသန်းတဲ့

အထုပ်ကို ရှင်ဖြေ ရမှာ’တဲ့

ပြည်တန်ပတ္တမြားကို ကွမ်းတစ် ယာနဲ့ လဲစားရသလိုဟန်နဲ့

၁၃ နှစ်သမီးက ပြောတယ်…

(အသက်ရှင်ခြင်းဟာ လိင်စိတ်တစ်ခုထဲမဟုတ်ဘူး

ကလေး လေး  လောကဟာ  လိင်ထက်မြတ်ပါတယ်

ကိုယ့်လိပ်ပြာကို အုတ်တံတိုင်းခတ်ပြီး  လုံလုံခြုံခြုံနေချင်တယ်)

စိတ်လိုလက်ရ စိတ်လျှော့ထား ဆန်းကျော်စွာဝင်း

ကျောက်ခေတ် ကြေးခေတ်ကစ

ဒီမိုကရေစီခေတ်ဦးပိုင်းအထိ

လူသားသမိုင်းမှာ ပထမဆုံး သော ပရိုဖက်ရှင်နယ်အလုပ်

စီးပွားရေး အဆင်မပြေဘူး

အဖေက ဒုက္ခိတ အမေက နောက်လင်နဲ့

မောင်လေးက ချူခြာတယ်

အပ်ကြောင်းထပ် ဇာတ်လမ်း တွေထဲ

စိတ်လိုလက်ရ စိတ်လျှော့ထား ဆန်းကျော်စွာဝင်း

ဘယ်အစိုးရတက်တက် ဖာဈေး ကွက်က ရှိနေမှာပဲ…။

ကုသိုလ်လည်းရ ဝမ်းလည်းဝ တာပေါ့

သက်ငယ်မုဒိမ်းသမားတွေ သိပ္ပံလမ်းအဆုံးကိုလာပါ

(သေဒဏ်နဲ့ ၅ဝဝဝ လဲလိုက်ကြ )

အမှုလည်းရ ဝမ်းလည်းဝတာပေါ့

အသွင်ယူသက်သေတွေ သိပ္ပံလမ်းအဆုံးကို လာပါ

ဆက်ကြေးပဲဖြစ်ဖြစ်  လိုင်းကြေးပဲဖြစ်ဖြစ်

ဝတ်စုံအပြည့်နဲ့ လက်သော့ တစ်စုံထည့်ခဲ့

‘ခင်ဗျားတို့လက်ခုပ်ထဲက ဖျာပဲ

ခင်းချင်ခင်း  နင်းချင်နင်း ‘

သိပ္ပံလမ်းအဆုံးကို  ရောက်အောင်လာပါ

သိပ္ပံလမ်းအဆုံးမှာ လမ်းဟာ အဆုံးသတ်သွားတာ

သိပ္ပံလမ်းအဆုံးမှာ ဘဝတွေဆုံး သွားကြတာ ။ ။

ဆန်းကျော်စွာဝင်း        

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071