မြန်မာပြည်ရဲ့ အကြီးမားဆုံးနဲ့ အရှေ့တောင် အာရှမှာ ပထမဆုံး အနေနဲ့ ပေါ်ထွက် လာမယ့် ရန်ကုန် စာအုပ်ပလာဇာကြီး ကိုတော့ ဖေဖော် ဝါရီ ၂၆ရက်နေ့၊ ရန်ကုန်မြို့၊ လမ်းမ တော် သံဈေး၊ ၅လွှာမှာ စတင်ဖွင့် လှစ်သွားတော့မှာ ဖြစ်ပါတယ်။ “Yangon Book Plaza” ဖွင့်လှစ် ဖြစ်တဲ့အကြောင်း ကိုတော့ ဆရာမြေ မှုန်လွင်က အခုလို ပြောပါတယ်။
ဒီ Yangon Book Plaza စတင်ဖြစ်ပေါ်လာတဲ့ အဓိက မြစ် ဖျားခံရာကတော့ ဆရာမင်းလူရဲ့ “စာနယ်ဇင်းစူပါမားကတ်”ဆိုတဲ့ ဝတ္ထု တိုလေးပါ။ ဆရာနဲ့ ကျွန်တော် နဲ့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ကျွန် တော်တို့တွေ စိတ်ကူးတွေ ယဉ်ခဲ့ကြ ဖူးပါတယ်။ ဒီ စိတ်ကူးယဉ်တာလေး တွေက မကြာခင်မှာ အကောင်ထည် ဖော်နိုင်တော့ မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်စာအုပ် ပလာ ဇာကြီးမှာ တော့ ရန်ကုန်မြို့လယ်ရှုခင်းကို အပန်းဖြေ နားနေရင်း သောက်သုံးနိုင် တဲ့ ကော်ဖီဆိုင်၊ နေပူမိုးရွာမှု ဒဏ် က ကင်းဝေးပြီး လမ်းဘေးပလက် ဖောင်း စာအုပ်တန်း အရသာကို ခံစား နိုင်တဲ့ စာအုပ် အဟောင်းတန်း၊ စာရေးဆရာကြီးများရဲ့ အထိမ်း အ မှတ်နေရာ၊ အမှတ်တရလက် ဆောင် ပစ္စည်းဆိုင်၊ ကလေးကစားကွင်း၊ စာအုပ် မိတ်ဆက်ပွဲများ၊ ထုတ်ဝေသူနဲ့ စာဖတ်သူ တိုက်ရိုက် ထိတွေ့နိုင်မယ့် စာအုပ်ဆိုင်ကြီးများ နဲ့ စာပေဆိုင်ရာ ကဏ္ဍ အသီးသီးတို့ စုံလင်စွာနဲ့ စာ ပေရသကို အပြည့် အဝ သောက် သုံး နိုင်မယ့် စာအုပ်ပလာဇာကြီး ဖြစ်လာ တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒီ Yangon Book Plaza ကို ဖွင့် လှစ်နိုင်ဖို့ ကုန် ကျစရိတ်က ကျပ်သိန်း ၁ဝဝဝ ကျော် ဝန်းကျင် ရှိတယ်လို့ သိ ရပါတယ်။ Yangon Book Plaza အ ကြောင်း မီဒီယာ ရှင်းလင်းပွဲ ကို ဖေ ဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါ နေ့မှာပဲ ၂ဝ၁၆ခုနှစ်အ တွက် ရွေးချယ်ထားတဲ့ လက်ရွေးစင် စာအုပ် ၁၂ အုပ် ဆုချီးမြှင့်ပွဲ ကိုလည်း ပြုလုပ် ခဲ့ပါတယ်။
မျိုးကျော်(ကနောင်သွေး)
