ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းပေါ်တွင် ယနေ့ နိုဝင်ဘာ ၂၂ ရက်ည ၇ နာရီကျော်ခန့်က ကား (၂) စီးတို-က်မိခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ဘုရားလေးကွေ့၊ ဧရာဝဏ်လမ်းမပေါ်တွင် ကား (၂) စီးတို-က်ကာ အမျိုးသား (၁) ဦးညပ်နေသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသ-တ်စခန်း၊ ဗိုလ်တထောင်ခရိုင်မီးသ-တ်စခန်း၊ သာကေတမြို့နယ်မီးသ-တ်စခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ည ၇ နာရီ ၂၀ မိနစ်ကျော်ခန့်တွင် ကားခေါင်းခန်းအတွင်းညပ်နေသူအား ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရ) ရရှိထားသဖြင့် ဘဘကြီးလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
