သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း ၊ မေမြတ်နိုးခင်တို့အပါ (၄)ဦး လိုက်ပါလာသော TOYOTA MARK II အဖြူရောင်ယာဉ်သည် အင်းတကော်မြို့၌ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး (၄)ဦးလုံး ထိခိုက်ဒဏ်ရာရခဲ့၍ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၂၄)ရက် ညနေပိုင်းက စိုင်းသီဟန် မောင်းနှင်ပြီး အောင်သူအောင်(ဓာတ်ပုံဆရာ)၊ မေတ္တာမြင့်မြတ်ဟိန်း(သရုပ်ဆောင်)နှင့် မေမြတ်နိုးခင် (သရုပ်ဆောင်) တို့ လိုက်ပါလာသော TOYOTA MARK II အဖြူရောင်ယာဉ်မှာ ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်လာစဉ် အင်းတကော်မြို့၊ မိုင်တိုင် ၁၆/၁ နှ င့် ၁၆/၂ ကြားအရောက် လမ်းဖြတ်ကူးသူအား ရှောင်ရာမှ လမ်းဘေးတွင် ရပ်ထားသည် FORTON အမျိုးအစား၊ ခြောက်မူးသံလုံးများ တင်ထားသည့် ယာဉ်အား အနောက်မှ ဝင်တို-က်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တို-က်မှု ဖြစ်စဉ်ကြောင့် ယာဉ်မောင်း စိုင်းသီဟန်၊ အောင်သူအောင် (ဓါတ်ပုံဆရာ)၊ မေတ္တာမြင့်မြတ်ဟိန်း (သရုပ်ဆောင်)နှင့် မေမြတ်နိုးခင်(သရုပ်ဆောင်)တို့ (၄)ဦးလုံးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး TOYOTA MARK II အဖြူရောင်ယာဉ်မှာလည်း ဦးခေါင်းရှေ့ခြမ်း တစ်ခုလုံး ကြွေမွပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ထိခိုက် ဒဏ်ရာရရှိသူ မေတ္တာမြင့်မြတ်ဟိန်း (သရုပ်ဆောင်)တို့ အပါဝင် (၄)ဦးမှာ လက်ရှိတွင် ပဲခူးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
