Wednesday, February 18, 2026

အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ပြီးနောက် ဝါးတရာစက်မှုဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံမီးငြိမ်း...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းတည့် ၁၂...

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေး

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando...

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးဖြစ်သူ ဦးမင်းအောင် တာဝန်မှအနားယူခွင့်ပြု

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဦးမင်းအောင် အားကျန်း မာရေးအရတာဝန်မှအနားယူခွင့်ပြုခဲ့ကြောင်း အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အ မှတ်၊ ၆/၂၀၂၆ ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၈...

ဦးမြတ်စံအား ချင်းပြည်နယ်တရားလွှတ်တော်တရားသူ ကြီးအဖြစ်ခန့်အပ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဦးမြတ်စံကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း အမိန့်အမှတ် ၇/၂၀၂၆ ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။ ဦးမြတ်စံအား ချင်းပြည်နယ်တရားလွှတ်တော်တရား သူကြီးအဖြစ်...
HomeNewsLocal Newsသယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် ကုန်စိမ်းသီးနှံများ ကုန်စည်စီးဆင်းမှုလျော့နည်းလာ

သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် ကုန်စိမ်းသီးနှံများ ကုန်စည်စီးဆင်းမှုလျော့နည်းလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စိုက်ပျိုးထုတ်လုပ်ထွက်ရှိသည့်ကုန်စိမ်းသီးနှံများကို အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် ယခင်လအောက်လျော့နည်းခဲ့ကြောင်း သိရသည်။

ကုန်စိမ်းသီးနှံများအနေဖြင့် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များမှာ ဇွန်လအစပိုင်းတွင် ဈေးနှုန်းကျဆင်းခဲ့၍ ဇွန်လကုန်ပိုင်းတွင် ဈေးနှုန်းအနည်းငယ်မြင့်တက်မှုမှာ ခရမ်းချဉ်သီးအနေဖြင့် (၁,၅၀၀ မှ ၂,၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်မှာ (၅၀၀ မှ ၁၀၀၀)ကျပ် ရှိခဲ့ပြီး အခြားကုန်စိမ်းသီးနှံများမှာ အောက်ပိုင်းဒေသများမှ စိုက်ပျိုးထွက်ရှိချိန်ဖြစ်ခြင်း၊ သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် စီးဆင်းမှုမှာ ယခင်လအောက်လျော့နည်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စိုက်ပျိုးထုတ်လုပ်ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ သစ်သီးဝလံများနှင့် ပန်းမန်များကို အောင်ပန်းမြို့ရှိပွဲရုံများမှတဆင့် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ဖြန့်ချီပေးနေခြင်းဖြစ်သည်။

ထိုသို့တင်ပို့ရာတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ ဟင်းသီးဟင်းရွက်များဖြစ်သည့် ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ရွှေပဲ၊ မုန်ညှင်း၊ ဖရုံသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ မုန်လာဥနီ၊ ဘိုစားပဲ စသည့်သီးနှံများ အနေဖြင့် ကုန်ချိန်ပိဿာ (၃၂)သိန်းကျော်၊ စားဖိုဆောင်သီးနှံများမှ ကြက်သွန်ဖြူ ကုန်ချိန်ပိဿာ (၁၈)သိန်းကျော်၊ ချင်းနှင့် နနွင်းမှာ ကုန်ချိန်ပိဿာ (၆)သိန်းကျော်ခန့်ကို အောင်ပန်းပွဲရုံများမှ မြန်မာတစ် နိုင်ငံလုံးသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပပို့ကုန် ပြောင်းဖူးစေ့အနေဖြင့် ကုန်ချိန်ပိဿာ (၆၇)သိန်းကျော်ကို ရန်ကုန်မြို့သို့တင်ပို့ခဲ့ကြောင်းလည်း သိရသည်။

ဈေးကွက်ဈေးနှုန်းအနေဖြင့် ပြောင်းသီးနှံမှာ ဇွန်လအတွင်း ပြည်ပဝယ်လိုအားကောင်းပြီး ရန်ကုန်ဈေးကွက်မှ အဆွဲများသဖြင့် ပြောင်းဈေးအနေဖြင့် ယခင် တစ်ပိဿာလျှင်(၁,၅၅၀)ကျပ်မှ ယခုအခါ (၁,၅၈၅) ကျပ်ခန့် ဈေးမြင့်တက်ခဲ့သည်။

ကြက်သွန်ဖြူနှင့် အာလူးမှာ ဈေးနှုန်းတည်ငြိမ်ပြီး ဈေးကွက်အဝင်နည်းမှုကြောင့် စီးဆင်းမှုမှာ ပုံမှန်အတိုင်းဖြစ်ပေါ်ခဲ့သလို ချင်းအနေဖြင့် ဥမပေါ်ချိန်ဖြစ်သည့်အတွက် (၁,၅၀၀ မှ ၂,၅၀၀)ကျပ် ဈေးသာရှိပြီး ပြည်တွင်းသုံးသာ အဆွဲများခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ပြီးနောက် ဝါးတရာစက်မှုဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံမီးငြိမ်း (၂) ဦးသေဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်မှုအား မွန်းတည့် ၁၂ နာ ရီ ၂၅ မိနစ်တွင် Level 1 အဆင့်၊ နေ့လည် ၁ နာရီ ၃ မိ နစ်တွင် Level 2 အဆင့်တို့ဖြင့် မီးသတ်ဌာနချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊...

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေး

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် WHO ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ်  Dr. Thushara Fernando အနေဖြင့် မြန်မာနိုင်ငံ ၌ တာဝန်ထမ်းဆောင်ချိန်အတွင်း မြန်မာနိုင်ငံနှင့် WHO ကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် WHO မှဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေး နွေးခဲ့ကြသည်။ WHO...

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးဖြစ်သူ ဦးမင်းအောင် တာဝန်မှအနားယူခွင့်ပြု

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဦးမင်းအောင် အားကျန်း မာရေးအရတာဝန်မှအနားယူခွင့်ပြုခဲ့ကြောင်း အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အ မှတ်၊ ၆/၂၀၂၆ ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဦးမင်းအောင် အား ကျန်းမာရေးအရ ဖေဖော်ဝါရီ ၅ ရက်မှစ၍ တာဝန်မှအနားယူခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071