Friday, May 16, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeMoviesသမ္မတဘိုင်ဒင်နှင့်တွေ့ဆုံရန် သမ္မတဇလန်းစကီးဝါရှင်တန်သို့ထွက်ခွာ

သမ္မတဘိုင်ဒင်နှင့်တွေ့ဆုံရန် သမ္မတဇလန်းစကီးဝါရှင်တန်သို့ထွက်ခွာ

ဝါရှင်တန်၊ဒီဇင်ဘာ ၂၁

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးသည် ကန်သမ္မတဘိုင်ဒင်နှင့်တွေ့ဆုံရန် ယနေ့တွင်ဝါရှင်တန်သို့ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကဘက်မှအတည်ပြုပြောကြားခဲ့သည်။ယခုခရီးစဉ်သည် စစ်ပွဲစတင်ကတည်းက သမ္မတဇလန်းစကီး၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ပြီး အမေရိကထံမှ စစ်ရေးနှင့်စီးပွားရေးအကူအညီများရယူရန် ကြိုးပမ်းမည်ဟုမျှော်မှန်းထားကြသည်။

“ယူကရိန်းရဲ့ ခံနိုင်ရည်နဲ့ကာကွယ်ရေးစွမ်းရည်အတွက် အခုအမေရိကကိုသွားနေပါပြီ” ဟုလည်း ၎င်း၏တွစ်တာပို့စ်တွင်ရေးသားထားသည်။

ယခုခရီးစဉ်အား လျှို့ဝှက်စီစဉ်ခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့ညအထိ မသေချာမရေရာသေးသည့် ခန့်မှန်းချက်တစ်ခုအဖြစ်သာရှိနေခဲ့သည်။သမ္မတဘိုင်ဒင်အနေဖြင့် ယခုခရီးစဉ်အတွင်းကန်ဒေါ်လာ နှစ်ဘီလျံနီးပါးတန်ဖိုးရှိသည့် လက်နက်အကူအညီကိုလည်း ကြေငြာမည်ဟုကန်အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်၌ ကိဗ်အားမော်စကို၏လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်စေမည့် Patriot ဒုံးကျည်ယူနစ်ပါဝင်မည်ဖြစ်ကြောင်းသိရှိရသည်။ယခုခရီးစဉ်အား ယူကရိန်းအပေါ်ထားရှိသည့် အမေရိက၏ကတိကဝတ်ကို ထုတ်ဖော်ပြသနိုင်ရန် သမ္မတဘိုင်ဒင်က သမ္မတဇလန်းစကီးအားဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟုလည်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

၄င်းအပြင် အမေရိကအနေဖြင့် ယူကရိန်းသမ္မတအား ရုရှားနှင့်ညှိနှိုင်းဆွေးနွေးရန်အတွက် အတင်းအကျပ်တိုက်တွန်းမည်မဟုတ်ဟုလည်း ဖော်ပြထားသည်။စစ်ပွဲကာလတစ်လျှောက် ဆယ်လတာကာလအတွင်း၌လည်း အမေရိကသည်ယူကရိန်းအားတောက်လျှောက်ကူညီပေးခဲ့ပြီး ရုရှားပိတ်ဆို့မှုများပြုလုပ်ခဲ့သော်လည်း တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးမရှိခဲ့ပေ။

ဘိုင်ဒင်အစိုးရသည် ယခုအချိန်အထိ လက်နက်ပစ္စည်းမျိုးစုံအား ယူကရိန်းသို့ထောက်ပံ့ပေးခဲ့သည်မှာ ကန်ဒေါ်လာ ၂၀ ဘီလျံနီးပါးရှိပြီဟုလည်းသိရှိရသည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၄၉ရက်အကြာတွင် Sky Villa မှ အမျိုးသား (၁)ဦး၏ရုပ်အလေ-ာင်းနှင့် ရွှေ၊ ငွေများထပ်မံတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ညနေ ၅ နာရီ ၅၅ မိနစ် ၌ Sky Villa အဆောက်အဦး၏ (C)အဆောင်၊ အခန်းအမှတ် M2 မှ အမျိုးသား(၁)ဦး၏ ရုပ်အလော-င်းကိုတွေ့ရှိခဲ့ရသဖြင့် သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် Sky Villa အဆောက်အဦး၏ (B)အဆောင် ၊ အခန်းအမှတ်(14)မှတွေ့ရှိရသော မီးခံသေတ္တာအတွင်းမှအရေးကြီးစာရွက်စာတမ်းဖိုင်(၂၃)ဖိုင်၊...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား ၁၄ ဦး ရဲထံ အဖမ်းခံ

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄ ဦးသည် သောကြာနေ့(မေလ ၁၆ရက်နေ့) က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံးတာဝါသည် အိမ်နီးချင်း မြန်မာ၏ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ပြိုကျအဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးအဖွဲ့များသည်...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈ ရက်တွင် လယ်ယာမြေ(၄၅၂)ဧကကို စိုက်ပျိုးရေပြန်လည်ပေးဝေခဲ့ပြီး နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက်တွင် ဆင်‌ေ-သရေလွှဲဆည်မှာ ဒုတိယအကြိမ်ထပ်မံထိခိုက်ခဲ့၍ စိုက်ပျိုးရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်လည်ပြင်ဆင်မှုများအား နေ့/ညမပျက်ဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီ ၁၇ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး(၂၂၇၉)ဧကကို ရာနှုန်းပြည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071