Saturday, June 27, 2026

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် ရှီ ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲများတွင် သမ္မတ ရှီကျင့်ဖျင်က ဟွန်ဆန်ကို ပြောကြားခဲ့ပြီး အရှေ့တောင်အာရှရှိ ၎င်း၏...

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၉၀၀ ကျော်လာ၊...

ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်ရှိလာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်ဖွယ်ရှိသူများကို အပူတပြင်းရှာဖွေလျက်ရှိကာ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်အပြီး နှစ်ရက်နီးပါးအကြာမှသာ...

ဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံမှ...

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊...

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို...

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group...
HomeCelebrities' Newsသမီးလေးတွေနဲ့ ပတ်သက်တဲ့ သီချင်းကို...

သမီးလေးတွေနဲ့ ပတ်သက်တဲ့ သီချင်းကို ဒုတိယ တစ်ကိုယ်တော် အခွေမှာထည့်မယ် ချစ်သုဝေ

Chit-Thu-Waiလတ်တလောမှာ ချစ်သုဝေက ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးခွေကို လည်း သီတင်းကျွတ်လမှာ ထွက်ရှိဖို့ အတွက် စီစဉ်နေပါတယ်။ တစ်ကိုယ်တော်အခွေ မထွက်ဖြစ်တာ ၇နှစ်လောက် ကြာသွားပြီ ဖြစ်ပြီး ဒီအခွေက ပရိသတ်နဲ့ တစ်သားတည်း ကျမယ်လို့ မျှော်လင့်ကြောင်း ကို ချစ်သုဝေက “စီးရီးခွေ အနေနဲ့တော့ ထရီဇာရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေလေးက လည်း ၇နှစ်လောက် ခြားသလို ဖြစ်သွားတယ်။ သီချင်းတွေက လည်း တချို့ဟာတွေ ပြန်ဖြုတ် တချို့ဟာတွေ ပြန်ဖြုတ်နဲ့ပေါ့လေ။ ဒီတစ်ခေါက် အခွေလေးကတော့ ပရိသတ်ကြိုက်တဲ့ သီချင်းတွေများမယ်။ ထရီဇာရဲ့ “တိမ်တွေနေတဲ့အရပ်” တုန်း က လည်း သွားထားတဲ့  theme  လေးနဲ့ ပရိသတ်နဲ့လည်း အကြိုက်က တူသွားတယ်။ ထရီဇာ သွားချင်တဲ့ လမ်းကြောင်းလေးက တိမ်တွေနေတဲ့ အရပ်တုန်း ကလောက် မခက်ခဲတော့ဘူး။ ထရီဇာသွားချင်တဲ့  theme  လေးကို ပရိသတ်လက်ခံတဲ့ အတွက် ပရိသတ်ကြိုက်မယ့် အရာ လေး လည်း ဖြစ်မယ်။ ထရီဇာ လုပ်ချင်တဲ့ အရာလေးလည်း ဖြစ်မယ်။ တစ်သားတည်းကျမယ် လို့မျှော်လင့်ပါတယ်” လို့ပြောပါတယ်။

အခုအချိန်မှာ မိခင်တစ်ဦးဖြစ်နေတဲ့ အတွက် သမီးလေးတွေနဲ့ ပတ်သက်တဲ့ သီချင်း ကိုလည်း ဒုတိယအခွေမှာ ထည့်ဖြစ်မယ်လို့ ချစ်သုဝေ ကပြောပါတယ်။ “မီးမီးလေးတွေရ လာပြီဆိုတော့ အမေတစ်ယောက် အနေနဲ့ မီးမီး လေးတွေနဲ့ ပတ် သက်တဲ့ သီချင်း မျိုးတွေကို ဆို ချင်တာပေါ့။ အန်ကယ် ညီထွဋ် တို့ဆိုခဲ့တဲ့ “စမ်းရေ” သီချင်းမျိုးလေးတွေ ဆိုချင်တယ်။ ကိုလင်းကို ရေးခိုင်းတော့လည်း သူက ဘုကလန့်လုပ်နေတယ်။ ကိုလင်း မရေးပေးတော့လည်း တစ်ယောက်ယောက် ကို အပ်ပြီးတော့ သမီးလေးတွေ သီချင်းကို ဆိုချင်ပါတယ်။ အဲဒီသီချင်း လေးတော့ ထည့်ဖြစ်အောင် ကြိုးစားမယ်” လို့ ချစ်သုဝေကပြောပါတယ်။

ချစ်သုဝေက Goon နဲ့ Johnson’s baby ကလေးပစ္စည်း ကုမ္ပဏီတို့ရဲ့  Brand Ambassador  အဖြစ် လက်တွဲ အလုပ်လုပ်နေပြီး သမီးလေး နှစ်ဦးနဲ့အတူ ကြော်ငြာ များလည်း ရိုက်ကူး သွားဖို့ ရှိကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- ရူပါမိုမို

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071