Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeCelebrities' Newsသမီးလေးရဲ့ရက် ( ၁၀၀...

သမီးလေးရဲ့ရက် ( ၁၀၀ ) ပြည့်မွေးနေ့လေးမှာအဝေးတစ်နေရာရောက်နေပေမယ့်လည်း မိန်းမနဲ့ သမီး လေး ကိုစိတ်ထဲအမြဲအောင်း မေ့သတိရပြီး အလုပ်တွေကြိုးစားနေတယ် ဆိုတဲ့ နက္ခတ်

သမီးလေးရဲ့ရက် ( ၁၀၀ ) ပြည့်မွေးနေ့လေးမှာအဝေးတစ်နေရာရောက်နေပေမယ့်လည်းမိန်းမနဲ့ သမီး လေး ကိုစိတ်ထဲအမြဲအောင်း မေ့သတိရပြီးအလုပ်တွေကြိုးစားနေတယ်ဆိုတဲ့ နက္ခတ်

သမီးလေး အက္ခရာသွန်းခြယ်ရဲ့မွေးနေ့ရက် ၁၀၀ ပြည့်မှာမိန်းမနဲ့ သမီးလေးရဲ့ ရှေ့ရေးအနာဂတ်အတွက်အဝေးတစ်နေရာရောက်နေပေမယ့်လည်းစိတ်ထဲအမြဲအောင်းမေ့သတိရနေပေမယ့်လည်းအလုပ်တွေကြိုးစားနေတာနဲ့ပတ်သက်ပြီးနက္ခတ်ကပြောပါတယ်။

အနေဝေးနေပေမယ့်လည်း စိတ်နှလုံးသားထဲမှာတော့ မိန်းမနဲ့သမီးလေး အမြဲရှိနေတာနဲ့ပတ်သက်ပြီးနက္ခတ် က ” မိန်းမရေ ဒီနေ့ ကကိုယ်တို နှစ်ယောက်ရဲ့ သမီး လေးရက် ၁၀၀ ပြည့် မွေးနေ့လေးနော်ကိုယ်က အခုချိန်မှာ မိန်းမနဲ့သမီးလေးရဲ့ရှေ့ရေးအတွက်အလုပ်ကြိုးစားရဖိုအဝေး တစ်နေရာကို ရောက်နေပေမဲ့ ကိုယ့်စိတ်တွေ နှလုံးသားတွေကကိုယ့်မိန်းမနဲ့ သမီးလေး အနားမှာ တစ်ချိန်လုံးရှိနေတာပါ။

ကိုယ်နဲ့ မင်းနဲ့ အတူတူဖြတ်သန်းခဲ့ကြတဲ့ အိမ်ထောင် ၅နှစ် ကာလအတွင်းမှာ မင်းကိုယ့်အပေါ်မှာ နားလည်ပေးနိုင်မှုတွေက ကိုယ်ဘယ်လိုဘဲတွေးတွေး ရင်နဲ့ မဆံ့အောင် များပြားလွန်းပါတယ် ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်တို ကြုံတွေ့ခဲ့ရတာတွေက သိပ်ကို ခါးသီးလွန်းပါတယ်ဘဝဆိုတာ လောကဓံ ရှစ် ပါးကို ကောင်းကောင်းကြီးခံရမယ်ဆိုတာ ကိုယ်သိပေမဲ့ တကယ်လက်တွေ့ ခံစားရတဲ့ အချိန် ကျတော့ တော်တော်ကို နာကျင်ရတယ် ။

မိန်းမ ရယ် ကိုယ်မင်းနဲ့ အတူတူ ရှေ့ဆက်မဲ့ ဘဝခရီးအတွက် လိုအပ်တဲ့ အရာတွေကို ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိတာထက်ပိုပြီး ကိုယ်ကြိုးစားမှာပါ နာကျင်မှုတွေ နာကျင်စရာတွေ နဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲမှာမိန်းမ နဲ့ သမီးလေး က ကိုယ့် အတွက် ဘုရားပေးတဲ့ ဆုလာဘ်ပါ။

ကိုယ်မင်းနဲ့ မတွေ့ခင် အချိန် ကာလတစ်ခုမှာကိုယ်နေထိုင်ခဲ့တဲ့ ပုံစံကို မင်းနဲ့ တွေ့ပြီးမှ ကိုယ် အစစအရာရာ ပြောင်းလဲနိုင်ခဲ့တယ် ဒီထက်ပိုပြီးကောင်းသောပြောင်းလဲခြင်းတွေနဲ့တည်ရှိဖိုကိုယ် ကြိုးစားနေမှာပါ။

ဒီနေ့ ရက်၁၀၀ ပြည့်မွေးနေ့လေးမှာသမီးလေးရဲ့ ဘဝတစ်လျှောက်လုံးအစစအရာရာ အဆင်ပြေ ချောမွေ့ ပြည့်စုံပါစေလို ဖေဖေဆုတောင်းပေးပါတယ်။” လိုသူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ကကျရောက်တဲ့ သမီးလေး အက္ခရာသွန်းခြယ်ရဲ့မွေးနေ့ရက် ၁၀၀ပြည့်မှစပြီး ဘဝတစ်လျှောက်လုံး အစစအရာရာအဆင်ပြေချော့မွေ့ပြည့်စုံပါစေလိုနက္ခတ်မှ ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

Zaw Gyi









Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071