Tuesday, June 3, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeInternationalသမိုင်းတလျှောက် အငြင်းပွားမှုများကို ဖြေရှင်းရန်...

သမိုင်းတလျှောက် အငြင်းပွားမှုများကို ဖြေရှင်းရန် တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့

သမိုင်းတလျှောက် အငြင်းပွားမှုများကို ဖြေရှင်းရန် တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့

ဆိုးလ်၊ ဇူလိုင် ၁၈ ရက်

  တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်သည် ဇူလိုင်လ ၁၈ ရက် တနင်္လာနေ့၌ တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ပတ်ဂျင်က နှစ်နိုင်ငံကြား သမိုင်းတစ်‌ လျှောက်ဖြစ်ပွားခဲ့သော သဘောထားကွဲလွဲမှုများကို ကျော်လွှား၍ တင်းမာသောဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ပြန်လည်သင့်မြတ်ရေး သဝဏ်လွှာကိုပါ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း ဂျပန်တို့ ကိုရီးယားအား သိမ်းပိုက်ခဲ့သည့် သမိုင်း‌ ကြောင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး သည်နှစ်ပေါင်းများစွာ ပြတ်တောက်နေခဲ့ခြင်း ဖြစ်သည်။

အဆိုပါခရီးစဉ်သည် တောင်ကိုရီးယား သမ္မတသစ် ယွန်းဆော့ယို တက်လာပြီးနောက်ပိုင်း ပတ်၏ ပထမဆုံးဂျပန် ခရီးစဉ်ဖြစ်ပြီး ပတ်သည် ဂျပန်ဝန်ကြီးချုပ် ယိုရှီမာဆာ ဟာရာရှီနှင့် တွေ့ဆုံခဲ့သည်။

အစည်းအဝေးနှင့်ပတ်သက်၍ ၎င်းတို့၏မှတ်ချက်များအား အသေးစိတ် ဖော်ပြထားခြင်း မရှိသေးချေ။

တိုကျိုမသွားရောက်မီ ဆိုးလ်မြို့ရှိ သတင်းထောက်များနှင့် ပြောကြားရာ၌ ပတ်က ၎င်း၏ ခရီးစဉ်သည် အလွန်လေးနက်ပြီး သမ္မတ ယွန်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကိုတိုးတက်စေလို့သည့် ဆန္ဒအပြည့်အဝရှိကြောင်း ဂျပန်ဘက်သို့ ပြောကြားသွားမည်ဟု ဆိုသည်။

အဆိုပါဆွေးနွေးပွဲသည် ပြီးခဲ့သည့်လ မက်ဒရစ်မြို့၌ ကျင်းပသော နေတိုးအစည်းအဝေး ပြင်ပတွင် အမေရိက၊ တောင်ကိုရီယားနှင့် ဂျပန် ခေါင်းဆောင်များ သီးခြားတွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး သေဆုံးမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ ဦးစားပေးမူဝါဒများ ပြောင်းလဲသွားမည်ကို စိုးရိမ်နေသော်လည်း အဆိုပါ ခရီးစဉ်အတွင်း သဘောထားကွဲလွဲမှုများအား ဖြေရှင်းနိုင်ရန်အတွက် ဆွေးနွေးပွဲများ စတင်နိုင်မည်ဟု တောင်ကိုရီးယားတာဝန်ရှိသူများက မျှော်လင့်ထားသည်။

ယင်းခရီးစဉ်သည် သမ္မဟောင်း မွန်ဂျယ်အင် လက်ထက်က ရပ်တန့်သွားခဲ့သော အဓ္ဓမ ခိုင်းစေမှု ကိစ္စများကိုအလေးအနက်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ဂျပန်မူဝါဒ  ရေးရာအကြီးတန်းအရာရှိတစ်ဦးက ပြီးခဲ့သည့်အပတ်တွင် ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။

ဂျပန်အရာရှိများကလည်း ဆက်ဆံရေးတိုးမြှင့်ရန် အရေးကြီးသော်လည်း ကိုလိုနီခေတ် အလုပ်သမားအချို့ကို လျော်ကြေးမပေးဟု စွပ်စွဲခံထားရသော ဂျပန်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် တောင်ကိုရီးယား တရားရုံးက အမိန့်ပေးခြင်းကဲ့သို့သော အငြင်းပွားမှုများကို ဖြေရှင်းပေးရန် ဆိုးလ်ထံမှ မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားတရားရုံးချုပ်သည် ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလတွင် ပိုင်ဆိုင်မှုများဖျက်သိမ်းခြင်းဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖွယ်ရှိပြီး အထက်ပါ အမိန့်သည် ကြီးလေး သော အကျိုးဆက်များကိုဖြစ် စေနိုင်ကြောင်း တိုကျိုက သတိပေးထားသည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071