Monday, February 2, 2026

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...
HomeEntertainmentသဘာဝသစ်ခေါက်ဖြင့် အနုပညာဖန်တီးပုံဖော်ထားသည့် သဘာဝသစ်ခေါက်ပန်းချီအနုပညာပြပွဲ...

သဘာဝသစ်ခေါက်ဖြင့် အနုပညာဖန်တီးပုံဖော်ထားသည့် သဘာဝသစ်ခေါက်ပန်းချီအနုပညာပြပွဲ မန္တလေးတွင်ပြသ

သက်တမ်းရင့် သစ်ပင်ကြီးများ ရဲ့ သဘာဝသစ်ခေါက်ဖြင့် အနုပညာ ဖန်တီးပုံဖော်ထားတဲ့ သဘာဝသစ် ခေါက်ပန်းချီအနုပညာပြပွဲကို စက် တင်ဘာ ၉ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ မန္တလေးမြို့၊ မင်္ဂလာမန္တ လေး၊ အနုပညာလမ်းရှိ သီရိပန်းချီ ပြခန်းမှာ ကျင်းပခဲ့ပါတယ်။

”ကျွန်တော်ပန်းချီရေးတာ အ နှစ် ၄ဝ လောက်ရှိပါတယ်။ သဘာဝ သစ်ခေါက် ပန်းချီကို ရေးတာက အနှစ် ၃ဝ လောက်ရှိပြီ။ သစ်ခေါက် ပန်းချီကတော့ နိုင်ငံခြားသား ဧည့် သည်တွေနဲ့ လာမှာတဲ့သူတွေ ရှိမှပဲ လုပ်ပေးဖြစ်ပါတယ်။ ဒီပြပွဲမှာ ပြသ ထားတဲ့ သဘာဝသစ်ခေါက် ပန်းချီ တွေကို ပြသရောင်းချဖို့ထက် သဘာ ဝသစ်ခေါက်တွေကို အနုပညာ ပစ္စည်းအဖြစ် ဖန်တီးလို့ရတယ်ဆိုတာ ပြည်သူကို သိစေချင်လို့ ချပြတာပါ။ ဒီသဘာဝသစ်ခေါက်တွေဟာ နေပူ၊ မိုးရွာ၊ ရာသီဥတုဒဏ်ခံနိုင်တယ်။ ခြ မတက်ဘူး၊ ပိုးမကိုက်ဘူး။ သစ်ခေါက် တွေမှာ လှိုင်းတွေ ပုံသဏ္ဌာန်တွေ အမျိုးမျိုးရှိတယ်။ အဲဒီပုံသဏ္ဌာန်တွေ အတိုင်း တိုင်းတာဖြတ်ဆက်ပြီး နောက်ခံကို ပန်းချီရေးဆွဲ ဖန်တီး ထားပါတယ်။ နိုင်ငံခြားသားတွေက သစ်ခေါက်ပန်းချီကို အလွန်စိတ်ဝင် စားကြပါတယ်။ ကျွန်တော့်ဆီမှာ သစ်ခေါက် ပန်းချီ ပညာလာသင်တဲ့ ပြင်သစ်၊ ကိုရီးယား၊ ကနေဒါ၊ တရုတ် တွေလည်းရှိပါတယ်။ ပြည်တွင်းက သင်ချင်တဲ့ လူငယ်တွေကိုလည်း သင် ပေးနေပါတယ်”ဟု သဘာဝသစ် ခေါက် ပန်းချီပညာရှင် ဦးသန်းလှ အောင်က ပြောပါတယ်။

”ဒီပြပွဲမှာ ကျွန်တော်နဲ့ ကျွန် တော့ သမီးတပည့်ဖန်တီးပြုလုပ်ထား တဲ့ ပန်းချီကား ၆ဝ ပြသထားပါတယ်၊ မြန်မာနိုင်ငံမှာ ပထမဆုံး သဘာဝ သစ်ခေါက်ပန်းချီပြပွဲလည်း ဖြစ်ပါ တယ်။ ပန်းချီကားတွေ တန်ဖိုးကို အားလုံး လက်လှမ်းမီနိုင်တဲ့ဈေးဖြစ် အောင် ကျပ်ငါးသောင်းကနေ ကျပ် တစ်သိန်းအတွင်း သက်မှတ်ထားပါ တယ်။ ပန်းချီကားဝယ်ယူသိမ်းဆည်း ချင်တဲ့သူတွေအတွက် သင့်တင့်မျှတ တဲ့ ဈေးတစ်ခုအနေနဲ့ သတ်မှတ်ပေး ပြီး ရောင်းချပေးထားဖြစ်ပါတယ်” လို့ ပန်းချီဆရာ ဦးသန်းလှအောင်က ဆိုပါတယ်။

 

Ads Space Available


Continue reading

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို ၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ရာ အသင်းဝင်ဂိတ်(၂၀)ကျော်နှင့် အသင်းဝင်ကား(၄၀၀)ကျော်သာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ဖြင့်လုပ်ကိုင်ခဲ့ပြီး (၁၆) နှစ်တာကာလအတွင်း၌ ကုမ္ပဏီ(ဂိတ်) ၉၄ ဂိတ်နှင့် အသင်းဝင်ယာဥ်စီးရေ(၂,၀၀၀)ကျော်ဖြင့်ဖွဲ့စည်းထားနိုင်လျှက်ရှိပြီးဒေသတွင်း နိုင်ငံများနှင့်လည်းယှဥ်ပြိုင်နိုင်​အောင် လုပ်​ဆောင်သွားပါမယ်”ဟုပြောကြားခဲ့သည်။ “ကုန်သေတ္တာတွေသယ်ယူပို့ဆောင်ရာမှာ manifest (ကုန်ပို့လွှာ)နဲ့ E-Lock နဲ့ လုပ်ဆောင်နိုင်ဖို့ကိုကြိုးစားခဲ့ပြီးလက်ရှိတွင် စတင် လုပိဆောင်နေပြီ"ဟု ဦးစိုးနိုင်ကပြောသည်။ ယခင်အလုပ်အမှုဆောင်သက်တမ်းကာလအတွင်း မော်တော်ယာဉ်များ၏ ပြင်ဆင်စရိတ်၊ အပိုပစ္စည်းများ၊...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့ မြန်မာသံရုံး မှ သံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အတူ (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့်...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ မြို့နယ် (၁) မြို့နယ်စီတွင် အလိုအ​လျောက် အမှု​ဆောင် (၁) ဦးစီခန့်ထားခြင်း၊​ ရွေးချယ်ခံ ဆန္ဒပြု​ရွေးချယ်ထားသူများထဲမှလစ်လပ်​နေ​သော အလုပ်အမှု​ဆောင် (၂၀) နေရာအတွက်ရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှု​ဆောင် (၂၀) နေရာအတွက် ရွေးချယ်ခြင်း၊ စီမံခန့်ခွဲမှုကော်မတီ (၁၀) ဦး​ရွေးချယ်ခြင်းတို့ကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့​နောက် ​မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဦးလှစိန်မှ ​ကျေးဇူးတင်​စကားနှင့် တာဝန်​ကျေပွန်စွာ ​ဆောင်ရွက်​ပေးမည်ဟုပြောကြားခဲ့‌ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071