မိုးဦးကာလရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။
ယမန်နေ့ မေ (၁၄) ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ထိုသို့ မှာ ကြားခြင်း ဖြစ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မမြတ် ဆောင်ရွက်သွားကြရန်၊ ယခင်ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ဆောင်ရွက်ခဲ့သော အခြေအနေများကို သင်ခန်းစာဖော်ထုတ်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်မှုများလိုကြောင်း ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ကော်မတီအလိုက် ဆွေးနွေးပြင်ဆင်မှုများ၊Table Top Exercises များ၊ ဇာတ်တိုက်လေ့ကျင့်မှုများ၊ လိုအပ်သည့်ပစ္စည်များအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆတ်၍ တောင်းခံခြင်များ၊ အသိပညာပေးလုပ်ငန်းများနှင့် မိုးလေဝသဆိုင်ရာ ညွှန်ကြားချက်များကို ကြိုတင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ပြည်နယ်မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ညွှန်ကြားချက်များကို ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားချက်များ သိရှိအောင် ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်။