သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။
ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့ နည်းသက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် ကရင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။
ကရင်ပြည်နယ်အတွင်း ရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများနှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် ယာဉ်၊ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းကိရိယာများကို အသင့်ပြင်ဆင်စုဖွဲ့ထားရမည်ဖြစ်ကာ မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်ပြည်သူများသိရန် ထုတ်ပြန်ပေးရမည်ဟု မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်များအလိုက် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ပြောင်းရွှေ့နေရာ ချထားပေးနိုင်ရေး လျာထားပြင်ဆင်ထားရှိမှု၊ အ ရေးပေါ်တုံ့ပြန်နိုင်ရေး လူ၊ ယာဉ်၊ ယန္တရားများစုဖွဲ့ပြင်ဆင်ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့အတူ ပြည်နယ်အတွင်းရေကြီးရေလျှံမှုများဖြစ် ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းသုံး KB-1 ကယ်ဆယ်ရေးလှေအစီး(၂၀)ကို ဘားအံမြို့ နယ်နှင့် လှိုင်းဘွဲမြို့နယ်များသို့ ပြည်နယ်ဝန်ကြီး ချုပ်က ဖြန့်ဝေပေးအပ်ခဲ့သည်။