Tuesday, December 16, 2025

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...
HomeNewsLocal Newsသဘာဝဘေးကျရောက်လာပါက အမိန့်စောင့်မနေဘဲ ကယ်ဆယ်ရေးများကို...

သဘာဝဘေးကျရောက်လာပါက အမိန့်စောင့်မနေဘဲ ကယ်ဆယ်ရေးများကို အမြန်ဆောင်ရွက်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်ပြော

ကရင်ပြည်နယ်သည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုများကြောင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာကာ ရေကြီးရေလျှံမှု၊ မြေပြိုမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည့်အတွက် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အမိန့်တစုံတရာစောင့်ဆိုင်းမနေဘဲ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောသည်။

ဇူလိုင်လ (၂၅) ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်သည်ဝါထပ်သည့် နှစ်ဖြစ်သည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ချေရှိခြင်းကြောင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်ထားရမည့် လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ နေရာချထားပေးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ သံလွင်၊ လှိုင်းဘွဲ၊ ဂျိုင်း၊ သောင်ရင်း၊ ဒုံသမိ၊ ဇမိ၊ ဟောင်သရော၊ မြစ်ကမ်းဘေးတစ်လျှောက်ရှိ မြို့ရွာများသည် နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် လိုအပ်သည့် လူအင်အား၊ စားနပ်ရိက္ခာ၊ ယာဉ်၊ ယန္တရား၊ အထောက်အကူပြုပစ္စည်းများကို အသင့်စုဖွဲ့၍ ရေ၊ မီး၊ မိလ္လာကိစ္စမှ အစ လစ်ဟင်းမှုမရှိအောင် စီမံပြင်ဆင်ထားရန်လည်း ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။

“သဘာဝဘေးကျရောက်လာပါက မည်သည့်အမိန့်ကိုမျှ စောင့်ဆိုင်းစရာ မလိုဘဲ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါတယ်” ဟု ဦးစောမြင့်ဦးက ပြောသည်။

အဆိုပါ အစည်းအဝေးသို့ ကရင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့မှ အတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး အစည်း အဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ဘားအံ၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ လူ၊ ယာဉ်၊ ယန္တရား၊ ရိက္ခာ၊ ဆေးဝါး စုဖွဲ့ပြင်ဆင်ထားမှု၊ ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေးဇာတ်တိုက်လေ့ကျင့်မှု အစရှိသည့် သဘာဝဘေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု ထရမ့် ပြောကြား

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ အလျှော့အတင်းပြုလုပ်မည့် အလားအလာနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသောအခါ သူက - "အမှန်အတိုင်း ပြောရရင် သူတို့က နယ်မြေကို ဆုံးရှုံးပြီးသားပါပဲ။ ဆိုလိုတာက နယ်မြေဟာ ဆုံးရှုံးပြီးသားပါ" ဟု ပြောခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့က ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥရောပက အဲဒီထဲမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ စစ်ပွဲ ထပ်မဖြစ်အောင်...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071