Friday, May 8, 2026

မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊...

ဌာန(သို့)အဖွဲ့အစည်းကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊ နှစ်ရှည်ငှားရမ်းခွင့်ပြုခြင်းဖြင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဌာန(သို့)အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလျက်ရှိပြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ်များတွင် အဆိုပါရောဂါကြောင့် ‌ေ-သဆုံးမှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို၊...

နိုင်ငံ ၈ နိုင်ငံ ၏...

"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" အစီအစဉ် ဖြင့်  ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နှင့်  အမေရိကန်သံရုံးများ၏...

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် အတည်ပြုရန် EU...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဥရောပသမဂ္ဂ(EU) အနေဖြင့် အမေရိကန်အပေါ် ကောက်ခံထားသော အခွန်နှုန်းထားများကို သုညအထိ လျှော့ချပေးရန် ပျက်ကွက်ပါက ဇူလိုင်လ ၄ ရက်နေ့တွင်...
HomeMyanmar Theatrical Traditionသဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်၏ ပိုင်ဆိုင်မှုအား...

သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်၏ ပိုင်ဆိုင်မှုအား ဘဏ်တွင် ချိတ်ဆက် ကာ သဘင် လောကသားများအား ကျပ်သိန်းပေါင်း ၇ ထောင်ကျော် ထုတ်ချေးထား

မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး (ဗဟို) သည် သဘင် ဖြင့် အသက်မွေးမှုပြုကြသူများ၏ သက်သာချောင်ချိစေရေးကို ရှေးရှု၍ တစ်နိုင်တစ်ပိုင်ချေးငွေများ ထုတ်ချေးပေးနိုင်ရန် မူဝါဒရှိသည်နှင့်အညီ ချေးငွေများ စနစ်တကျထုတ်ပေးနိုင်ရေးအတွက် ချေးငွေ စိစစ် ခွင့်ပြုရေး ကော်မတီကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီတွင် ဒေါ်အေးအေးမော်- အဖွဲ့ ခေါင်းဆောင် (စာရင်းစစ်၊ ဗဟိုသဘင်)၊ ဦးဌေးလွင်- ကော်မတီဝင် (ဥက္ကဋ္ဌ၊ ပွဲစီစဉ်သူ အလွှာ)၊ ဦးဝင်းမောင်- ကော်မတီဝင် (အတွင်းရေးမှူး၊ ပွဲစီစဉ်သူအလွှာ)၊ ဦးအောင်သော်- ကော်မတီဝင် (တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်း)၊ ဒေါ်ပတ္တမြားကေခိုင်- ကော်မတီဝင် (ပြန်ကြားရေးမှူး၊ ဗဟိုသဘင်) တို့ ပါဝင်သည်။ ချေးငွေ များသည် အစည်းအရုံး၏ ရန်ပုံငွေဖြင့် ထုတ်ချေးခြင်း မဟုတ်ဘဲ ဥက္ကဋ္ဌဦးဖိုးချစ်၏ ပိုင်ဆိုင်မှုအား ဘဏ်တွင်ချိတ်ဆက်ကာ ထုတ်ချေးပေးခြင်းဖြစ်ပါကြောင်း၊ ရရှိလာသော အတိုးများကို သဘင်အစည်းအရုံး၏ ရန်ပုံငွေအဖြစ် ထည့်ဝင်သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ကနဦး အနေဖြင့် တည်ထောင် ခွင့်ရှိသူ သဘင်အဖွဲ့များအား ချေးငွေများ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ချေးငွေစိစစ် ခွင့်ပြုရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး သဘင်အစည်း အရုံးများမှ အဆင့်ဆင့်စိစစ်တင်ပြလာသော ချေးငွေ တင်ပြချက်များကို ထပ်မံစိစစ်ကာ အသုတ်လိုက်ေ သာ် လည်းကောင်း၊ အရစ်ကျသော်လည်းကောင်း စိစစ်ခွင့် ပြုပေးလျက်ရှိပါကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ယနေ့ အချိန်အထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပွဲ စီစဉ်သူအလွှာ၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး သဘင်အစည်း အရုံးများမှ တာဝန်ယူတင်ပြလာသော ချေးငွေပမာဏ  စုစုပေါင်း ၇၈၄၆ဝဝဝဝဝ ကျပ် (ကျပ်သိန်းပေါင်း ခုနစ်ထောင့်ရှစ် ရာ လေးဆယ့်ခြောက်သိန်းတိတိ) အား ခွင့်ပြုထုတ်ချေးပေးပြီးဖြစ်ပါကြောင်း၊ တင်ပြထားပြီး စိစစ်ဆဲအခြားပြည်နယ်၊ တိုင်းဒေသကြီး များမှ ချေးငွေ များကိုလည်း အထက်တွင်ဖော်ပြခဲ့ သည့် အတိုင်းအသုတ်လိုက်သော်လည်းကောင်း၊ အရစ်ကျသော်လည်းကောင်း ဆက်လက်စိစစ် ချမှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း မြန်မာသဘင် ပညာရှင်များအစည်း အရုံး (ဗဟို)၊ ချေးငွေ စိစစ်ခွင့်ပြုရေးကော်မတီမှ  ထုတ်ပြန်ကြေညာခဲ့သည်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071