Thursday, June 5, 2025

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု...

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ဟုယူကရိန်၏...

DF-5 နျူလက်နက်အကြောင်း တရုတ်က အသေးစိတ်...

ဇွန် ၅ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV သည် နိုင်ငံ၏နျူကလီးယားလက်နက်များအနက်မှ အချို့သော လက်နက်များ၏ အဓိကအသေးစိတ်အချက်အလက်အချို့ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏နျူကလီးယားလက်နက်များသည် ယခင်အစဉ်အလာအားဖြင့် အထူးလျှို့ဝှက်ထားခဲ့သည်။...

ခရိုင်းမီးယားတံတားပေါ-က်ကွဲ‌ သော်လည်း ထိခို-က်ပျ-က်စီးမှုမရှိဟုဆို

မော်စကို၊ဇွန် ၄ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ခရိုင်းမီးယားတံတားကို တို-က်ခို-က်ရန်ကြိုးပမ်းခဲ့သော်လည်း ပျ-က်စီးမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ခရမ္မလင်ကအတည်ပြုပြောကြားခဲ့သည်။ "တံတားက တကယ်ဖေ-ာက်ခွဲခံခဲ့ရတာပါ၊ ဒါ‌ပေမဲ့ ဘာမှတော့ ကြီးကြီးမားမားမပျ-က်စီးခဲ့ပါဘူး၊ တံတားက ပုံမှန်အတိုင်းအသုံးပြုလို့ရနေပါတယ်"...
HomeNewsLocal Newsသန်လျင်မြိုနယ်ရှိ သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းတွင် ပထမဆုံး...

သန်လျင်မြိုနယ်ရှိ သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းတွင် ပထမဆုံး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်းအား အက်တမ် (ATOM) မှလှူဒါန်း

ရန်ကုန်တိုင်း၊သန်လျင်မြိုနယ်ရှိ ကျောင်းသား၊ကျောင်းသူ ၁၁၀၀ ကျော်တက်ရောက်ပညာသင်ကြားနေသည့် သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းတွင် ပထမဆုံး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်းအား အက်တမ် (ATOM) မှ ဖေဖော်ဝါရီ ၁၇ ရက် (ယနေ့) တွင် လှူဒါန်းခဲ့သည်။

အဆိုပါ စာသင်ခန်းတွင် စွမ်းဆောင်ရည်မြင့်မားသည့် လက်ပ်တော့ပ်များ၊ကွန်ပျူတာဆော့ဖ်ဝဲ၊အများသုံးအင်တာနက်စက်များနှင့်အခြားနည်းပညာသုံးပစ္စည်းများပါဝင်ကာ ကွန်ပျူတာသင်တန်းများ၊ အင်တာနက်အသုံးပြုခြင်းဆိုင်ရာနည်းလမ်းများနှင့်အွန်လိုင်းပေါ်တွင် လုံခြုံစွာနေထိုင်အသုံးပြုနည်းများအား ATOM မှဝန်ထမ်းများက ကူညီပေးသွားမည်ဖြစ်သည်။

ထိုပြင် အက်တမ် (ATOM) မှ ရန်ကုန်မြို့၊လှိုင်သာယာမြိုနယ်ရှိ အောင်ဇေယျာမင်း ပရဟိတစာသင်ကျောင်း၊ မန္တလေးတိုင်း၊ကျောက်ဆည်မြိုနယ်ရှိ သောကြာကြယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နေပြည်တော်မြို့၊လယ်ဝေးမြိုနယ်ရှိ စမတောင်မိဘမဲ့ကလေးဂေဟာကျောင်းများတွင်လည်း ယင်း စာသင်ခန်းများကို လာမည့် ခြောက်လအတွင်း ထပ်မံ မတည်လှူဒါန်းသွားမည်ဖြစ်သည်။

ယင်း ကျောင်း ၄ ကျောင်းမှ ကျောင်းသား၊ကျောင်းသူ ၅၈၀၀ ကျော်သည် အက်တမ် (ATOM) မှ မတည်လှူဒါန်းထားသည့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများကိုအသုံးပြု၍ နည်းပညာကျွမ်းကျင်မှုများကိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း”လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အက်တမ် (ATOM) မှ ငွေကျပ်သိန်းပေါင်း (၅၈,၃၁၉,၂၀၀) အကုန်အကျခံကာ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တိုရဲ့ သတင်းအချက်အလက်နည်းပညာသုံးပစ္စည်းတွေပါတဲ့ စာသင်ခန်းတွေမတည်လှူဒါန်းခြင်းက ပညာရေးကဏ္ဍတိုးတက်စေဖိုဆိုတဲ့ အက်တမ် (ATOM) ရဲ့ ကတိကဝတ် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ် ပြီးတော့ ထောက်ပံ့မှုတွေလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်စေဖို့ နည်းပညာဆိုင်ရာ ပညာရေးပိုင်းကို မြှင့်တင်ပေးပြီး အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာဖြစ်ပါတယ်”ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောသည်။

အက်တမ် (ATOM) မှ မတည်လှူဒါန်းသည့် စာသင်ခန်းတိုင်းတွင် စွမ်းဆောင်ရည်မြင့်မားသည့် လက်ပ်တော့ ၁၀ လုံး၊ကွန်ပျူတာသုံး mouse ၁၀ လုံး၊ကွန်ပျူတာသုံးပုံနှိပ်စက်နှင့်မိတ္တူစက် ၁ လုံး၊လျှပ်စစ်ဗိုအားထိန်းစက် ၁ လုံးနှင့်ငွေပေးချေပြီး အင်တာနက်အသုံးပြုနိုင်သော အက်တမ် (ATOM) အများသုံးကြိုးမဲ့ အင်တာနက်စက် ၂ လုံးတို့ ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို စီးနင်းရာတွင် သွားလာရာ၌ အဆင်ပြေစေကာ ခေါ်ယူရလွယ်မည့် လုံခြုံစိတ်ချရမည့် Grab ကဲ့သို့ Maxride application ကတဆင့်လည်း ခေါ်ယူနိုင်မည် ဖြစ်သည်။ လက်ရှိတွင် သန်လျင်မြို့နယ်အတွင်း ယာဉ်အစီးရေ (၉၈) စီးဖြင့် စတင်ဝန်ဆောင်မှုပေးနေပြီး အခြား (၁၃) မြို့နယ်၌လည်း အဆိုပါ application ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများအနေဖြင့်လည်း...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် လေယာဉ်များကို ပြန်လည်ပြင်ဆင်မည်ဟု ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးဆို

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ဟုယူကရိန်၏ တို-က်ခို-က်မှုက မဟာဗျူဟာမြောက်ဟန်ချက်အပေါ် သက်ရောက်နိုင်ခြေရှိမရှိ မေးမြန်းသောအခါတွင် TASS သို့ ဒုဝန်ကြီးက "ကာကွယ်ရေးဝန်ကြီးဌာန ပြောကြားခဲ့သလို ဒီလေယာဉ်တွေဟာ ဖျ-က်ဆီးခံရတာမဟုတ်ဘဲ ပျ-က်စီးခဲ့တာပါ။ သူတို့ကို ပြန်ပြင်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရ၏ တို-က်ခို-က်မှုနောက်ဆက်တွဲနှင့်ပတ်သက်၍ ပြင်ပသတင်းထုတ်ပြန်မှုများကို ၎င်းက ပယ်ချခဲ့သည်။ "ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကိုပဲ ကိုးကားသင့်ပါတယ်" ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏...

DF-5 နျူလက်နက်အကြောင်း တရုတ်က အသေးစိတ် ထုတ်ပြန်

ဇွန် ၅ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV သည် နိုင်ငံ၏နျူကလီးယားလက်နက်များအနက်မှ အချို့သော လက်နက်များ၏ အဓိကအသေးစိတ်အချက်အလက်အချို့ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏နျူကလီးယားလက်နက်များသည် ယခင်အစဉ်အလာအားဖြင့် အထူးလျှို့ဝှက်ထားခဲ့သည်။ အထူးသဖြင့် အတိအကျပစ်နိုင်သောဒုံးကျည်စွမ်းရည်များနှင့် ဖြန့်ကျက်တပ်ဆင်မှုများနှင့် ပတ်သက်၍ လျှို့ဝှက်ထားသည်။ ယခုအခါတွင် DF-5၊ တို-က်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) နှင့်ပတ်သက်သည့် အချက်အလက်များကို မည်သည့်အတွက်ကြောင့် လူသိရှင်ကြားထုတ်ပြန်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းသတင်း ထုတ်ပြန်ထားသည်။ တရားဝင် သတင်းထုတ်ပြန်ချက်များသည် ပုံမှန်အားဖြင့် လက်နက်များနှင့်ပတ်သက်သည့် သိပ္ပံနည်းကျ တိကျသောအသေးစိတ်အချက်အလက်များကို ရှောင်လွှဲကာ မရေရာသောဘာသာစကားကို အသုံးပြုထားသော်လည်း တနင်္လာနေ့ထုတ်လွင့်မှုတွင် တရုတ်နိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071