Saturday, May 23, 2026

(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ...

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) မှ (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံစက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ဇွန် ၂၆...

ရေစကြိုမှ လက်မှုလုပ်ငန်းများ ဈေးကွက်တင်ပို့အခက်ခဲကြောင့် ရပ်နားမှုများပြားလာ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ဒေသထွက်လက်မှုပစ္စည်းဖြစ်သည့် စကော၊ စကာယက်လုပ်ငန်းများမှာ ဈေးကွက်သို့ တင်ပို့ရောင်းချရန် ခက်ခဲလာမှုကြောင့် လုပ်ငန်းအများအပြား ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။ နယ်မြေအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေးနှင့်...

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးတို့အတွက်...

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင် ကအထက်ပါအတိုင်းပြောကြားခဲ့သည်။ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က...

ဒေသတည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားများအနေဖြင့် အစိုးရသစ်နှင့်အတူ အားသစ်မာန်သစ်ဖြင့်...

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ယခုအစိုးရသစ်နှင့်အတူ အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန...
HomeNewsLocal Newsသန်လျင်တံတားသစ် အမှတ်(၃) တည်ဆောက်မှု...

သန်လျင်တံတားသစ် အမှတ်(၃) တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

သန်လျင်တံတား အမှတ်(၃) ကို ၂၀၁၉ ခုနှစ်၊ မေလမှစတင်၍ ငါးနှစ်စီမံကိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်စဥ်ကြောင့် တစ်နှစ်ခန့်ကြာ ရပ်နားခဲ့ကာ ၂၀၂၃ ခုနှစ်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး သန်လျင်တံတားသစ် အမှတ် (၃) တည်ဆောက်မှု ၈၀ ရာခိုင်နှိုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဌာနမှ သိရသည်။

ထိုတံတားတည်ဆောက်ရေး စီမံကိန်းအတွက် JICA က ODA ချေးငွေ ဂျပန်ယန်း ၃၁ ဘီလီယံ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး အပိုင်း ၃ ပိုင်းခွဲ၍ တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းတံတား၏ အရှည်မှာ ၃၅၀၀ မီတာရှိပြီး တံတားအမျိုးအစားသည် သံကူကွန်ကရစ် + သံမဏိကြိုးဆိုင်းတံတား + သံမဏိရက်မဖြစ်ပြီး အပိုင်း ၁ လုပ်ငန်းတွင် တံတား အရှည် ၁၃၁၂ မီတာ၊ အပိုင်း ၂ လုပ်ငန်းတွင် တံတားအရှည် ၁၃၆၃ မီတာ၊ အပိုင်း ၃ လုပ်ငန်းတွင် တံတားအရှည် ၈၂၅ မီတာပါဝင်ပြီး ပင်မတံတားအကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၃ မီတာရှိကာ တံတားခံနိုင်ဝန် ခွင့်ပြုအလေးချိန် ယာဥ်တစ်စီးချင်း ၇၅ တန်အထိဖြစ်ကြောင်း သိရသည်။

” ဒီတံတားပြီးလို့ရှိရင် သီလဝါအထူးစက်မှုဇုန် အပါအဝင် ခရမ်း၊သုံးခွ နဲ့ ကျောက်တန်းမြို့နယ်တို့မှာရှိတဲ့ စီးပွားရေးဇုန်အပြင် ပဲခူးမြို့နယ်ကိုလည်းအလွယ်တကူသွားလို့ရပြီ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းတံတားတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပြီးစီးနိုင်ရန် လျာထားကြောင်းလည်း သိရသည်။

ယင်းစီမံကိန်း၏ အဓိကရည်ရွယ်ချက်သည် သန်လျင်မြို့နယ်နှင့် ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျော့ရန်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်သို့ သွားလာရာတွင် ယာဉ်လမ်းကြောင်း ပိုမိုချောမွေ့ပြီး အချိန်တိုတွင်း ကုန်စည်သွားလာ ပို့ဆောင်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

ယင်းတံတားစီမံကိန်းအတွက် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား ချေးငွေသဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ်၊ မတ် ၁ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီးလက်ရှိအသုံးပြုနေသည့် သံလျင်တံတားအမှတ်-၁ သည် တရုတ်နိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ရထားလမ်း ပါရှိခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ကျင်းပမည်

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) မှ (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံစက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ဇွန် ၂၆ ရက်မှ ဇွန် ၂၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၂၆ ရက်တွင် Road Race ပြိုင်ပွဲအား လှည်းကူးမြို့နယ်၊ ဇွန် ၂၇ ရက်တွင် MTB XCO ပြိုင်ပွဲအား တိုက်ကြီးမြို့နယ်ရှိ Mirror Mountains ၊ ဇွန် ၂၈ ရက်တွင် Criterium ပြိုင်ပွဲအား...

ရေစကြိုမှ လက်မှုလုပ်ငန်းများ ဈေးကွက်တင်ပို့အခက်ခဲကြောင့် ရပ်နားမှုများပြားလာ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ဒေသထွက်လက်မှုပစ္စည်းဖြစ်သည့် စကော၊ စကာယက်လုပ်ငန်းများမှာ ဈေးကွက်သို့ တင်ပို့ရောင်းချရန် ခက်ခဲလာမှုကြောင့် လုပ်ငန်းအများအပြား ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။ နယ်မြေအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းတင်ပို့မှုများ အခက်အခဲဖြစ်ပေါ်နေပြီး ဒေသထွက်လက်မှုပစ္စည်းများကို ပြင်ပဈေးကွက်သို့ တင်ပို့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။ “အခုကတော့ အတော်များများ ရပ်ထားကြတာပေါ့။ သွားလာရတာ မလွယ်ဘူး။ ကုန်ပစ္စည်းသယ်ဖို့လည်း ခက်တယ်။ နယ်မြေဒေသကလည်းသိပ်မတည်ငြိမ်တော့ ပိုဆိုးတယ်။ တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် ဆက်လုပ်နေကြသေးတယ်” ဟု ရေစကြိုမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ဝါးဖြင့်ယက်လုပ်ထားသည့် စကော၊ စကာနှင့် တောင်းများမှာ ရေစကြိုဒေသ၏...

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးတို့အတွက် ကျေးရွာ ၆၀ ကျော်တွင် ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင် ကအထက်ပါအတိုင်းပြောကြားခဲ့သည်။ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းမှု နှစ် (၃၀) ပြည့်အခမ်းအနားဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အကြိုလှုပ်ရှားမှုများကို ခမ်းခမ်းနားနားကျင်းပပြုလုပ်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပြောသည်။ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအတွက် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071