Tuesday, May 5, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesသန်းခေါင်ယံ..

သန်းခေါင်ယံ..

နာရီလက်တံနှစ်ခုသည် ထပ်တူကျ၏။

အထက်အောက်တည့်မတ်၏။ တစ် ဖက်သို့ရွေ့လျှင် နောက်နေ့တစ်ရက်သို့ ရောက်မည်သာပင်။ အချိန်မှာ သန်းခေါင် ယံဖြစ်သည်။ အသံဗလံတို့ ဆိတ်ပြီးသစ်ပင် သည် နေ့နှင့်ညကိုသိနေဘိအလား။ အ မှောင်ထဲမှာ သစ်ရွက်လှုပ်သံမျှပင် မကြား ရ။ တံခါးရွက်သည်ပွင့်လျက်။ သန်းခေါင် ယံလေပြည်ညင်းသည် တိုးလျှိုးဝင်ရောက် ၏။ ညဥ့်တိုင်းပြည်သို့ ဖိတ်ခေါ်သည့်အ လား။ ငါ့အနီးပါး၌ သန်းခေါင်ယံလေပြည် သည် လူးလွန့်၏။ ငါ့အမည်ကို ရွတ် ဆိုရန် မတတ်နိုင်ဟန်တကား။ ငါ၏ကိုယ်ဝတ် သည် အဖြူတည်း။ မိုးသားတိမ်တိုက်သည် အဖြူတည်း။ ဟိုးဝေးလံသောအရပ်မှ ကြယ်ပွင့်က လေးအရောင်မှာလည်း အဖြူ ပင်တည်း။ ငါသည်သန်းခေါင်ယံလေပြည် ညင်းကိုဧည့်ခံ၏။

 

ငါ့ထံဆိုက်ဆိုက်မြိုက် မြိုက်ရောက်လာသည့်အတွက် ခရီးဦးကြို လည်းပြုပါ၏။ သန်းခေါင်ယံလေပြည်ညင်း က ညအခါ လူခြေတိတ်၌ တိတ်တဆိတ် ရောက်လာခဲ့သည်တကား။ ပင်လယ်ပေါ် က သန်းခေါင်ည၊ ရေသူမတွေခေါင်းဖြီးသ တဲ့။ ဖားလျားလွင့်တဲ့ ရေလှိုင်းတွေ ညဥ့် တိုင်းပြည်ကိုစေသတဲ့။ ကဗျာကို နားဆင် လိုလျှင်ငါရွတ်ဆိုပါမည်။ သန်းခေါင်ယံလေ ပြည်ညင်းသတင်းစကားတစ်ခုကို ဆောင် ယူကဲ့သို့ပမာ ငါရွတ်ဆိုအပ်သော ကဗျာကို ဆောင်ယူ၍ လှည့်လည်ပါဘိ။ ငါ့မိခင်ရှိရာ ဆီသို့ ဆောင်ယူပို့နိုင်လိမ့်မည်လား။ ငါ့မိ ခင်မှာ အိုမင်းလှပြီ။ ငါရွတ်ဆို အပ်သော ကဗျာကို သူနားစိုက်ပါစေတော့။ ငါ့မိခင် ကို သင်သိနိုင်လိမ့်မည်ဟု ထင်ပါသည်။ အိုမင်းသော မိန်းမကြီးတစ်ဦးသည် ငါ၏မိခင်တည်း။ သီဝေသော မျက် လုံးအစုံဖြင့် ကြည့်တတ်သူသည် ငါ၏မိခင်တည်း။ လျောင်းစက်နေသူ သည် ငါ၏မိခင်တည်း။ နိုးထလာသူသည် ငါ၏မိခင်တည်း။ ငါ့ အမည်ကို ရွတ်ဆိုနိုင်သူသည်ငါ၏မိခင် တည်း။

သန်းခေါင်ယံသည် ဆိတ်ငြိမ်သော ခြေလှမ်းဖြင့် လူတို့ကမ္ဘာမြေထက်မှဖြတ်သန်း၏။ ငါ သန်း ခေါင်ယံသည် နံနက်ခင်းသို့ ဆိုက်ရောက်မည်ဟု ယုံကြည်ပါ၏။ ငါ၏လင်္ကာ၊ စာ၊ ကဗျာတို့သည် အဆန်းတကြယ်မဟုတ်။ နှလုံးသည်းပွတ်၏ တီးတိုးသံမျှသာတည်း။ ငါ၏နှလုံးသည်းပွတ်သည် သန်း ခေါင်ယံဖြစ်သည်။ ငါ၏ဦးခေါင်းသည် မိုးသောက်ယံဖြစ်၏။ ငါသည် ဤသို့လျှင် ရွေ့လျားရပေ လိမ့်မည်တကား။ နှလုံးသည်းပွတ်သည် ဦးခေါင်းနှင့် မိုင်ပေါင်းမည်မျှဝေးသည်ကို သင်သိပေလိမ့် မည်။ သန်းခေါင်ယံလေပြည် ညင်းထဲငါ့ကိုဆောင်ယူ၍ နံနက်ခင်းရှိရာသို့ ဆိုက်ရောက်ပါစေတော့။

ငါ၏မိခင်သည် ငါတို့ကိုခွဲခွာခဲ့သည်။ နံနက်ခင်းရှိရာ အရပ်၌ ငါ့မိခင်သည် ပြုံးရယ်လျက်ရှိလိမ့် မည်ဟု ငါမျှော်လင့်၏။ စန္ဒယော်သည် လခြမ်းကွေးသည် ငါ့မိခင်ပြုံးရယ်ဟန် သို့ပါတကား။ ပြိုးပျက် ကြယ်ရောင်သည် ညဥ့်အမှောင်ထဲ၌ လက်လက်ထ၏။ ငါ၏မိခင်ရယ်သံကဲ့သို့ပါတကား။ မိုးသား တိမ်တိုက်သည် မိုးကုတ်စက်ဝိုင်းထက်၌ရွေ့၏။ ငါ၏မိခင် စကားခွန်း ချိုဆိုသကဲ့သို့ပါတကား။

အချိန်မှာ သန်းခေါင်ယံဖြစ်သည်။ အသံဗလံတို့ တိတ်ဆိတ်ပြီ။ စာဆိုသည် မအိပ်စက်နိုင်သေးဘဲ ငိုက်မြည်းလျက် ဤစာကိုရေးခဲ့ပြီတကား။

 

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071