မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပဲခူး-မော်လမြိုင်ရ ထားလမ်းပိုင်းတွင် သဲဖြူကုန်းမှ ကလီခရီးစဥ်အဖြစ်ထွက်ခွာလာသော ကျောက်တင်ရထားတစ်စီး ယနေ့ မေ ၂၅ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မိုင်းထိပြီးပြေးလမ်းချော်သွားခဲ့ကြောင်း သိရသည်။
သဲဖြူကုန်းဘက်မှ ကလီဘက်သို့ခုတ်မောင်းလာသော အမှတ်-၆၈၇ အစုန် ကျောက်တင်ရထားသည် သထုံမြို့နယ်ရှိ မိုးကောင်းဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၁၂၃/၂၃ နှင့် ၁၂၃/၂၄ ကြားအရောက်မိုင်းနင်းမိခဲ့သဖြင့် မိုင်းပေါက်ကွဲကာ ရထားစက်ခေါင်းနှင့် မိုင်းကာတွဲတို့ပြေးလမ်းချော်သွားပြီး အချို့တွဲဆိုင်းများမှာ တိမ်းမှေ-ာက်သွားခဲ့ကာ ရထားလမ်းမှာလည်းပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး မြန်မာ့မီးရထားမှကျွမ်းကျင်ဝန် ထမ်းများကလည်း ပျ-က်စီးသွားသောရထားလမ်းအား ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် ပြေးလမ်းချော်ကာ အချို့တိမ်းမှေ-ာက်နေသည့်တွဲဆိုင်းများအား ပြန်လည်ထူမတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် သိမ်ဆိပ်နှင့် ဒုံးဝန်ရထားလမ်းပိုင်းအား နံနက် ၈ နာရီ ၅၁ မိနစ်၌ ယာယီဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ရန်ကုန်ဘူတာမှထွက်ခွာလာသော အမှတ် ၈၁ အဆန်လူစီးရထားသည် သိမ်ဇရပ်ဘူတာ၊ မော်လမြိုင်ဘူတာမှထွက်ခွာလာသော အမှတ် ၈၂ အစုန်ရထားသည် သဲဖြူကုန်းဘူတာတို့၌ ရောက်ရှိရပ်တန့်ခဲ့ရ၍ စတင်ထွက်ခွာလာသော ဘူတာများသို့ပြန်လည်ထွက်ခွာကာ ရထားစီးခရီးသည်များအား လက်မှတ်ခများကို မြန်မာ့မီးရထားကပြန် လည်ပေးအပ်ခဲ့ကြောင်း သိရသည်။