Tuesday, March 31, 2026

CEIR စနစ်သည် အသုံးပြုနေသော ဆင်းကတ်နှင့်...

ပြည်တွင်း၌ မိုဘိုင်းဖုန်းများကို အခွန်ကောက်နိုင်ရန် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို စတင်ကျင့်သုံးသည့် စနစ်သည် လက်ရှိအသုံးပြုနေသော...

ဧပြီလအားလပ်ရက်များအတွက် တရုတ်လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှု ၂၀...

မတ်လ ၃၁ ရက် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ ပိုမိုဈေးကြီးနေသော်လည်း ယခုသီတင်းပတ်ကုန်တွင် စတင်မည့် နှစ်ပတ်လည် ချင်းမင်းပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံ၏ လေကြောင်းခရီးစဉ်...

စစ်စရိတ်ကို အာရပ်နိုင်ငံများထံမှ တောင်းရန် ထရမ့်ပ်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျမည်ဟု ခန့်မှန်းရသည့် အမေရိကန်ပြည်ထောင်စု၏ အီရန်စစ်ပွဲကုန်ကျစရိတ်ကို အာရပ်နိုင်ငံများထံမှ တောင်းသွားမည်ဟု ယူဆကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုသည်။ ၁၉၉၀ ပြည့်နှစ်...

သင်္ကြန်ကာလ ခရီးသွားများအတွက် ယာဉ်လိုင်းများ ဈေးမတိုးရန်...

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ လိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများအား လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်နှင့် ယာဉ်စီးခပိုမိုတောင်းခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ...
HomeNewsLocal Newsသတ်မှတ်ချက်များအတိုင်းရောင်းချခြင်းမရှိသည့် စက်သုံးဆီအရောင်းဆိုင် (၃၀)...

သတ်မှတ်ချက်များအတိုင်းရောင်းချခြင်းမရှိသည့် စက်သုံးဆီအရောင်းဆိုင် (၃၀) ခန့်ကို နောက်ဆုံးအကြိမ် သ တိပေးထား

စက်သုံးဆီဝယ်ယူသူများအဆင်ပြေစွာ စက်စွမ်းအားအလိုက်ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသောအဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များအား Scan ဖတ်ဝယ်ယူရန် စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထားပြီးဖြစ်သည်။

ထိုသို့ အသိပေးထားသော်လည်း စွမ်းအင်ဝန်ကြီးဌာန ၏ Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံးဆီရောင်းချသည့် အရောင်းဆိုင် (၃၀) ခန့်သည် မော်တော်အားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ယင်း စက်သုံးဆီအရောင်းဆိုင် (၃၀) ခန့်အား နောက်ဆုံးအကြိမ်သတိပေးထားကာ ဆက်လက်ပြု လုပ်သည်ကို ထပ်မံစစ်ဆေးတွေ့ရှိရပါကထိရောက်စွာအရေးယူသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနကအသိပေးခဲ့သည်။

လက်ရှိအချိန်၌ အချက်အလက်ပြည့်စုံစွာတိုင်ကြားမှုအရ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင် လိုင်စင်အမှတ် (၀၅၁၂) အား စီမံခန့်ခွဲရေးနည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းထားကာ တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CEIR စနစ်သည် အသုံးပြုနေသော ဆင်းကတ်နှင့် မသက်ဆိုင်ဘဲ ဖုန်းကိုသာ မှတ်ပုံတင်ခြင်း ဖြစ်

ပြည်တွင်း၌ မိုဘိုင်းဖုန်းများကို အခွန်ကောက်နိုင်ရန် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို စတင်ကျင့်သုံးသည့် စနစ်သည် လက်ရှိအသုံးပြုနေသော ဆင်းကတ်နှင့် မသက်ဆိုင်ဘဲ ဖုန်းကိုသာ မှတ်ပုံတင်ခြင်း ဖြစ်သည်ဟု အော်ပရေတာတွင် လုပ်ဆောင်နေသူများက ပြောသည်။ “အဓိကကတော့ အခု ကိုယ်သုံးနေတဲ့ ဖုန်းမှာ ဆင်းကတ်နှစ်နေရာစာရှိတယ်၊ ကိုယ်ကလည်း ဆင်းကတ်နှစ်ခုစလုံးကို လက်ရှိသုံးစွဲနေတယ်ဆို အစိုးရရဲ့ မှတ်ပုံတင်စနစ်ထဲမှာ အော်တိုမှတ်ပုံတင်ပြီးသားဖြစ်တယ်” ဟု ဖုန်းအော်ပရေတာလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးက ပေါ်ပြူလာကို ပြောသည်။ ယနေ့သည် အသုံးပြုနေသော ဖုန်းများ၏ IMEI ကို...

ဧပြီလအားလပ်ရက်များအတွက် တရုတ်လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှု ၂၀ ရာခိုင်နှုန်း မြင့်တက်

မတ်လ ၃၁ ရက် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ ပိုမိုဈေးကြီးနေသော်လည်း ယခုသီတင်းပတ်ကုန်တွင် စတင်မည့် နှစ်ပတ်လည် ချင်းမင်းပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံ၏ လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှုများသည် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV ၏ ဖော်ပြချက်အရ ကြာသပတေးနေ့အထိ အားလပ်ရက်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုပေါင်း ၂.၀၄ သန်း ရှိခဲ့ပြီဖြစ်ကြောင်း TravelSky Technology မှ အချက်အလက်များကို ကိုးကား၍ ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတကာခရီးစဉ် (အဝင်/အထွက်) ကြိုတင်မှာယူမှုမှာ...

စစ်စရိတ်ကို အာရပ်နိုင်ငံများထံမှ တောင်းရန် ထရမ့်ပ် စိတ်ဝင်စားဟု ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျမည်ဟု ခန့်မှန်းရသည့် အမေရိကန်ပြည်ထောင်စု၏ အီရန်စစ်ပွဲကုန်ကျစရိတ်ကို အာရပ်နိုင်ငံများထံမှ တောင်းသွားမည်ဟု ယူဆကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုသည်။ ၁၉၉၀ ပြည့်နှစ် ပင်လယ်ကွေ့စစ်ပွဲတွင် ဝါရှင်တန် ဝင်ပါခဲ့ရမှုအတွက် အမေရိကန်မဟာမိတ်များက ငွေကြေးထောက်ပံ့ပေးခဲ့သလိုမျိုး လက်ရှိစစ်ပွဲအတွက် အာရပ်နိုင်ငံများက ငွေပေးချေသင့် မသင့် ထရမ့်ပ်၏ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်ကို မေးမြန်းခဲ့သည်။ အာရပ်နိုင်ငံများထံမှ စစ်စရိတ်တောင်းဆိုမည့် ကိစ္စသည် သမ္မတ စိတ်ဝင်စားသည့်အရာဖြစ်မည်ဟု သူ ထင်ကြောင်း လီဗစ်က သတင်းထောက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ သမ္မတကို ကျော်မပြောလိုသော်လည်း အဆိုပါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071