Saturday, June 21, 2025

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...
HomeInternationalသတ္ထု့တွင်းထွက်သဘောတူညီချက် ကန်နှင့် ယူကရိန်း...

သတ္ထု့တွင်းထွက်သဘောတူညီချက် ကန်နှင့် ယူကရိန်း လက်မှတ်ရေးထိုး

အမေရိကနှင့် ယူကရိန်းတို့သည် နှစ်လကြာ နှောင့်နှေးနေခဲ့သည့် သတ္ထု့တွင်းထွက်ဆိုင်ရာ သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ စစ်ရေးဆိုင်ရာ အကူအညီများ အဆုံးသတ်ခဲ့ပြီးနောက်တွင် ယခုသဘောတူညီချက်သည် ကိဗ်အတွက် ကတိကဝတ်ပုံစံသစ်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရအဖွဲ့က ခေါ်ဆိုခဲ့သည်။

နည်းပညာသစ်များအတွက် အရေးပါပြီး အသုံးပြုရခြင်းမရှိသေးသည့် ၎င်း၏ ကိုယ်ပိုင်မြေရှား ဒြပ်စင် များအပေါ် အချုပ်အခြာအာဏာ အပြည့်အဝရှိခြင်းပါဝင်သော အချိန်ကြာမြင့်သည့် စေ့စပ်ညှိနှိုင်းမှုများအပြီးတွင် သဘောတူညီချက်သည် အဓိကအကျိုးစီးပွားများကို လုံခြုံစေခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်က ရုရှား၏ ကျူးကျော်မှုဖြစ်အပြီးတွင် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်လက်နက်များ ပေးအပ်ခဲ့ရမှုအတွက် လျော်ကြေးအဖြစ် ထရမ့်ပ်က ယူကရိန်း၏ ကြွယ်ဝသော သတ္ထု့များကို ရယူပိုင်ခွင့်တောင်းခဲ့သည်။

ကနဦးတွင် ယူကရိန်းက တုံ့ဆိုင်းနေခဲ့သော်လည်း ထရမ့်က ကမ္ဘာတစ်ဝန်းရှိ အမေရိက၏ လုံခြုံရေး ကတိကဝတ်များကို ပြင်းပြင်းထန်တန် နောက်ပြန်ဆုတ်ရန် ကြိုးစားနေသောကြောင့် နောက်ပိုင်းတွင် အမေရိက၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုကို ထိန်းထားရေးနည်းလမ်းအဖြစ် သဘောတူညီချက်ကို လက်ခံခဲ့သည်။

သဘောတူညီချက်နှင့် ပတ်သက်၍ ဝါရှင်တန်က ကြေညာရာတွင် ယူကရိန်းတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် နှစ်ဖက်စလုံး၏ ကတိကဝတ်ကို ပြသခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်စ်စန့်က ပြောကြားခဲ့သည်။

“ဒီသဘောတူညီချက်ဟာ ရေရှည်မှာ လွတ်လပ်မှု၊ အချုပ်အခြာနဲ့ သာယာဝပြောတဲ့ ယူကရိန်းကို ဗဟိုပြုသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထရမ့်ပ်အစိုးရအဖွဲ့က ကတိကဝတ်ပြုထားတယ်ဆိုတာ ရုရှားကို ရှင်းရှင်းလင်းလင်း အချက်ပြပါတယ်” ဟု ဘက်စ်စန့်က ဆိုခဲ့သည်။

“ဒါ့အပြင် ရုရှားစစ်ယန္တရားကို ငွေကြေး သို့မဟုတ် အထောက်အပံ့တွေပေးတဲ့ ဘယ်နိုင်ငံ၊ ဘယ်ပုဂ္ဂိုလ်မျှ ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးကနေ အကျိုးခံစားခွင့်ရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Ref: ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့် ရုရှား စတင်

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလျံတန်ဖိုးရှိ သောရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို စတင်ရန် သဘောတူခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှား-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတည်ထောင်းခြင်း သဘောတူညီချက်ကို အင်ဒိုနီးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ Danantara နှင့် ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ပူးတွဲဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည် တည်ဆောက်မှုတို့ကို မောင်းနှင်ခြင်းဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့် စက်သုံးဆီ ဖူလုံမှုရှိဟုဆို

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် သက်သာလျော့နည်းပြီး ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် (၁၀ဝ) မှ ကျပ် (၁၅၀)ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြိုတင်မှာယူထားသည့်အစီအစဉ်အတိုင်း ပြည်ပမှစက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း၌ စက်သုံးဆီ...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071