မန္တလေးစာပေလောက၏ စာ ပေမိခင်ဟု တင်စားခေါ်ဝေါ်ကြသည့် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏၁ဝ၃ နှစ်ပြည့်မွေး နေ့အထိမ်းအမှတ်အခမ်းအနားအား နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းက မန္တလေး အမရပူရမြို့နယ် တောင်သ မန်အင်းအနီးရှိ တောင်လေးလုံး ကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်၌ ကျင်းပ ပြုလုပ်ခဲ့ ရာ မန္တလေးစာပေ အသိုင်းအဝိုင်းမှ စာပေပညာရှင်များ အပြင် မြန်မာနိုင်ငံအနှံ့မှ စာပေ မိတ်ဆွေများတက်ရောက်ခဲ့ကြသည်။
ယင်းမွေးနေ့ပွဲအခမ်းအနား တွင် ကဗျာဆရာကြီး ဦးကိုလေး (ကိုလေး -အင်းဝဂုဏ်ရည်)၊ သတင်း စာ ဆရာကြီး ဦးသစ်လွင်(မောင်သစ် လွင်-လူထု)၊ စာရေး ဆရာထက်မြက် နှင့် စာရေးဆရာရှေ့ နေကြီးဦးထွန်း အောင်ကျော်တို့က လူထုဒေါ်အမာနှင့် ပတ်သက်သည့် အမှတ်တရစကား များ ပြောကြားခဲ့ကြသည်။
”ဒေါ်ဒေါ်က လူထုဂျာနယ်ရဲ့ ခေါင်းကြီးမှာ ‘ငြိမ်းချမ်းရေးပဲလိုချင် သည်’ ခေါင်းစီးနဲ့ ၁၉၅၇ ခုနှစ်တုန်း က ရေးခဲ့တယ်။ အခုပြန် ပြီးစဉ်းစား တဲ့အခါ လူထုဒေါ်အမာတောင့်တခဲ့ တဲ့ ပြည်တွင်းငြိမ်းချမ်းရေးက အခု ချိန်ထိမရသေးတော့ လွမ်းလွမ်းဆွေး ဆွေးနဲ့ပဲ ဒေါ်ဒေါ့်ကို သတိရမိတယ်။ ဒေါ်ဒေါ့်ဆန္ဒ လည်းပြည့်စေချင်ပါပြီ” ဟု သတင်းစာဆရာကြီး မောင်သစ် လွင်(လူထု)က လူထုဒေါ်အမာနှင့် ပတ်သက်ပြီး အမှတ်တရပြောပြခဲ့ သည်။
လူထုဒေါ်အမာ၏ ၁ဝ၃ နှစ် ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို လူထုဒေါ်အမာ၏မိသားစုဝင်များနှင့်အတူ မန္တလေး စာပေအနုပညာရပ်ဝန်း လောက သားများ စုစည်းမှုဖြင့်ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ဆရာတော် သံဃာတော် များအား ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း၊ ကျွေးမွေးဧည့်ခံခြင်းအစီအစဉ်များနှင့် ကျင်းပခဲ့ကြောင်း သိရသည်။