သင်္ဘောသားလစာများကို မြန်မာကျပ်ငွေဖြင့် အကန့်အသတ်မရှိ ထုတ်ယူနိုင်ပြီဟု uab Bankဘဏ်ကြေညာ
သင်္ဘောသား လစာများကို မြန်မာကျပ်ငွေဖြင့် အကန့်အသတ်မရှိဘဲ နီးစပ်ရာ uab Bank တွင်လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်ကြောင်းကို uab Bankက ကြေညာချက်ထုတ်ပြန်လိုက်သည်။
အဆိုပါ လစာထုတ်ယူမှုသည် ဘဏ်အကောင့်ထဲကို ဝင်လာသည့်လစာကိုသာ မြန်မာကျပ်ငွေဖြင့်ထုတ်ပေးခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင်ဖော်ပြသည်။
uab Bankက မကြာသေးမီကာလက customer များအတွက် “တိုကင်မလို”ဘဲ ငွေသားထုတ်ယူနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
“ဒေါ်လာ ၁၀၀ကနေ စပြီး ဘဏ်မှာ အကောင့်ဖွင့်လို့ ရပါတယ်။သင်္ဘောသားထောက်ခံစာ အပါအဝင် ဘဏ်ကသတ်မှတ်ထားတဲ့ အချက်အလက် အပြည့်အစုံပါရင် ရပါတယ်”ဟု Contact centerမှ ပြောဆိုထားသည်။
ယင်းအပြင် “Western Union, RIA နှင့် KrungThai တို့ဖြင့် နိုင်ငံခြားမှ ငွေထုတ်ခြင်း ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍လည်း ဘဏ်ခွဲများတွင် နိုင်ငံခြားငွေလွှဲများကို ပမာဏ အကန့်အသတ်မရှိငွေထုတ်ယူနိုင်ခြင်း၊အချိန်တိုအတွင်းငွေသားထုတ်ယူနိုင်ခြင်း၊ငွေလွှဲထုတ်ယူရန်အတွက် ကြိုတင်စာရင်းပေးရန်မလိုအပ်ခြင်း၊ဘဏ်စာရင်းဖွင့်ရန်မလိုအပ်ခြင်း (မိမိဆန္ဒမရှိလျှင်)နှင့် ငွေလက်ခံမည့်သူကမည်သည့် ဝန်ဆောင်ခမှပေးရန်မလိုဘဲငွေထုတ်ယူ နိုင်သည့် အစီအမံများအားလည်း ဝန်ဆောင်မှု ပေးထားကြောင်းသိရှိရသည်။
Zaw Gyi
သေဘၤာသားလစာမ်ားကို ျမန္မာက်ပ္ေငြျဖင့္ အကန႔္အသတ္မရွိ ထုတ္ယူႏိုင္ၿပီဟု uab Bankဘဏ္ေၾကညာ
သေဘၤာသား လစာမ်ားကို ျမန္မာက်ပ္ေငြျဖင့္ အကန႔္အသတ္မရွိဘဲ နီးစပ္ရာ uab Bank တြင္လြယ္ကူလွ်င္ျမန္စြာ ထုတ္ယူႏိုင္ေၾကာင္းကို uab Bankက ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။
အဆိုပါ လစာထုတ္ယူမႈသည္ ဘဏ္အေကာင့္ထဲကို ဝင္လာသည့္လစာကိုသာ ျမန္မာက်ပ္ေငြျဖင့္ထုတ္ေပးျခင္းျဖစ္ေၾကာင္းလည္း ေၾကညာခ်က္တြင္ေဖာ္ျပသည္။
uab Bankက မၾကာေသးမီကာလက customer မ်ားအတြက္ “တိုကင္မလို”ဘဲ ေငြသားထုတ္ယူႏိုင္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါသည္။
“ေဒၚလာ ၁၀၀ကေန စၿပီး ဘဏ္မွာ အေကာင့္ဖြင့္လို႔ ရပါတယ္။သေဘၤာသားေထာက္ခံစာ အပါအဝင္ ဘဏ္ကသတ္မွတ္ထားတဲ့ အခ်က္အလက္ အျပည့္အစုံပါရင္ ရပါတယ္”ဟု Contact centerမွ ေျပာဆိုထားသည္။
ယင္းအျပင္ “Western Union, RIA ႏွင့္ KrungThai တို႔ျဖင့္ ႏိုင္ငံျခားမွ ေငြထုတ္ျခင္း ဝန္ေဆာင္မႈႏွင့္ စပ္လ်ဥ္း၍လည္း ဘဏ္ခြဲမ်ားတြင္ ႏိုင္ငံျခားေငြလႊဲမ်ားကို ပမာဏ အကန႔္အသတ္မရွိေငြထုတ္ယူႏိုင္ျခင္း၊အခ်ိန္တိုအတြင္းေငြသားထုတ္ယူႏိုင္ျခင္း၊ေငြလႊဲထုတ္ယူရန္အတြက္ ႀကိဳတင္စာရင္းေပးရန္မလိုအပ္ျခင္း၊ဘဏ္စာရင္းဖြင့္ရန္မလိုအပ္ျခင္း (မိမိဆႏၵမရွိလွ်င္)ႏွင့္ ေငြလက္ခံမည့္သူကမည္သည့္ ဝန္ေဆာင္ခမွေပးရန္မလိုဘဲေငြထုတ္ယူ ႏိုင္သည့္ အစီအမံမ်ားအားလည္း ဝန္ေဆာင္မႈ ေပးထားေၾကာင္းသိရွိရသည္။
