Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalသက်ဆင်အား တရားရုံးကထောင်ဒဏ် ၈...

သက်ဆင်အား တရားရုံးကထောင်ဒဏ် ၈ နှစ်ချမှတ်

ဘန်ကောက်၊ဩဂုတ် ၂၂

ပြည်ပ၌ ၁၇ နှစ်ကြာသွားရောက်ခိုလှုံနေရာမှ ယနေ့တွင်ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထိုင်းတရားရုံးက ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။

၎င်းသည်ယနေ့မနက် ၉ နာရီအချိန်တွင် ဒွန်မောင်းလေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး လေဆိပ်မှထွက်စဉ်ကတည်းက သက်ဆင်၏ဖြူထိုင်းပါတီထောက်ခံသူရှပ်နီများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

၎င်းသည်လေဆိပ်မှထွက်လာပြီးနောက် ထိုင်းဘုရင်မင်းင်းမြတ် မဟာဝိဇယလောင်ကွန်း၏ပုံတော်ရှေ့၌ ဂါရဝပြုခဲ့ပြီး ထောက်ခံသူများအားနှုတ်ဆက်စကား‌ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက်၎င်းအားတရားရုံးသို့ခေါ်ဆောင်သွားရာလမ်းတစ်လျှောက်၌လည်း ရှပ်နီများကစီတန်းကာကြိုဆိုခဲ့ကြသည်။တရားရုံးက သက်ဆင်အား ၎င်း၏ကုမ္ပဏီဟောင်းဖြစ်သည့် Shin Corp နှင့်ပတ်သက်သည့်ပြစ်ဒဏ်တစ်ခု၊ဘဏ်ချေးငွေနှင့်ထီကိစ္စတို့နှင့်ပတ်သက်၍ အမှုသုံးခုအတွက်စုစုပေါင်းထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။

ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သော်လည်း သက်ဆင်အနေဖြင့် ထောင်ထဲ၌မည်မျှနေရမည်မှာမသေချာ၊မရှင်းလင်းသေးပေ။ထိုင်းစစ်တပ်က သက်ဆင်အားအကျင့်ပျက်ခြစားမှု၊ဘုရင်စနစ်အပေါ်သစ္စာဖောက်ဖျက်မှုစွပ်စွဲချက်များဖြင့် ရာထူးမှဖြုတ်ချပြီးနောက်နှစ်နှစ်အကြာတွင် ၎င်းသည်ထောင်ဒဏ်ချမှတ်ခံရမည်ဆိုးသဖြင့်ပြည်ပသို့တိမ်းရှောင်သွားသူလည်းဖြစ်သည်။

သက်ဆင်သည် ထိုင်းပါလီမန်၌ ဝန်ကြီးချုပ်လောင်းအတွက်မဲခွဲဆုံးဖြတ်သည့်နေ့၌ပြန်လည်ရောက်ရှိလာကာ ၎င်း၏ဖြူထိုင်းပါတီမှ မစ္စတာဆရီထာထာဝီဆင်းသည် ထိုင်းဝန်ကြီးချုပ်အလောင်းအလျာအဖြစ်အဆိုတင်သွင်းခြင်းခံရသည့်နေ့‌လည်းဖြစ်သည်။

အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သောမစ္စတာသက်ဆင်အား နှလုံးနှင့်အဆုတ်ရောဂါများကြောင့် အများနှင့်သီးသန့်ခွဲကာ ပြစ်ဒဏ်ကျခံစေမည်ဖြစ်ပြီး စီရင်ချက်ချအပြီးငါးရက်အကြာတွင် မိသားစုဝင်များက၎င်းအားလာတွေ့နိုင်မည်ဖြစ်ကြောင်းအာဏာပိုင်များကဆိုသည်။

“ထိုင်းနိုင်ငံကနေဖေဖေ့ကိုပြန်လည်ကြိုဆိုပါတယ်၊အခုဆိုဖေဖေဟာ ဘေးကင်းကင်းနဲ့မွေးရပ်မြေကိုပြန်ရောက်လာပြီး တရားဥပဒေရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်မှုကိုခံယူနေပါပြီ၊ဖေဖေ့ကိုလာရောက်ကြိုဆိုဝန်းရံပေးသူအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်” ဟု ၎င်း၏သမီးဖြစ်သူ ပါအယ်ထုန်ထန်က အင်စတာဂရမ်၌ရေးသားခဲ့ပြီး ဒွန်မောင်းလေဆိပ်ရှိ VIP အခန်း၌ သားသမီးသုံးဦးနှင့်မြေးခုနစ်ဦးတို့နှင့်အတူရှိနေသော မစ္စတာသက်ဆင်၏ဓာတ်ပုံအားတင်ခဲ့သည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071