ယနေ့ ညနေ (၆) နာရီတွင် နေပြည်တော်၌ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြင့်ပွဲ အခမ်းအနားကို ခမ်းနားကြီး ကျယ်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းက သက် ငယ်မုဒိမ်းမှုများနဲ့ ပတ်သက်ပြီး ပညာပေး ရိုက်ကူးပုံဖော်ထားသည့် ” ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ချီးမြင့်ခံရဖွယ် ရှိနေကြောင်း နီးစပ်သူအသိုင်းအဝိုင်းက ထင်ကြေး ပေး သုံးသပ်မှုများ ရှိနေသည်။
အဆိုပါ ” ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကို နန်းဒေဝီရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ကာ၊ ဇာတ်ညွှန်း ကကြိုးသျှင်ရေးသားပြီး ဒါရိုက်တာ ဟိန်းစိုးက ခံစားပုံဖော်ထားခြင်း ဖြစ်သည်။
သရုပ်ဆောင်များအနေဖြင့် အိန္ဒြာကျော်ဇင်၊ မေသန်းနု၊
စိုင်းဝဏ္ဏအောင်၊ ဂျိမ်းစ်၊ ထူးပြည့်အောင်၊ ကလေးသ ရု ပ်ဆောင် ပြည့်ပြည့်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားမှာ ခံစားမှု ရသများ အကောင်းမွန်ဆုံးပေးစွမ်းနိုင်အောင် ဖန်တီးပုံဖော်ခဲ့သည့် ဒါရိုက်တာ ဟိန်းစိုး အကယ်ဒမီ ရနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသလို မိခင်တစ်ယောက်၏ ပူဆွေးသောကများနှင့် အပီပြင်ဆုံး သရု ပ် ဆောင်နိုင်ခဲ့သည့် အကယ်ဒမီ အိန္ဒြာကျော်ဇင်သည်လ ည်း ၂၀၁၉ ခုနှစ် အတွက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ချီးမြှင့်ခြင်း ခံရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသ ည်။
ယနေ့ည (၆) နာရီမှစတင်ကာ နေပြည်တော်ရှိ လေဟာ ပြင် ကဇာတ်ရုံတွင် ၂၀၁၉,၂၀၂၀,၂၀၂၂ ခုနှစ် တို့အတွ က် မြန်မာ့ရုပ်ရှင် အကယ်ဒမီချီးမြှင့်ပွဲ အခမ်းအနားကို ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် အဆိုပါနှစ်တို့အတွက် အကယ်ဒမီရ ရုပ်ရှင်မင်းသား မင်းသမီးများ၏ ဝမ်းသာပီတိစကားသံများအပြင် အကယ်ဒမီ ဆုချီးမြင့်ပွဲ တက်ရောက်လာကြမည့် အနုပညာရှင် အတတ် ပညာရှင်တို့၏ ပီတိစကားသံများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားပါမည်။
