“ဝ” ပြည်နယ်မူးယစ်တို-က်ဖျ-က်ရေးအဖွဲ့သည် ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ (၃)လအတွင်း မူးယစ်ဆေးဝါး (၁၄)သန်းခန့်ဖ-မ်းဆီးရမိခဲ့ကြောင်း UWSA ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက အသိပေးထားသည်။
အဆိုပါ ဖ-မ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံသို့ (၂၄)ကြိမ်မြောက် အခမ်း အနားဖြင့် လွှဲပြောင်းအပ်နှံခဲ့ကြောင်းလည်း ၎င်းကဆိုသ ည်။
ဇူလိုင်လ (၆)ရက်၌ ပုလုံရွာ အနီးတဝိုက်တွင် စိတ်ကြွဆေးပြား (၁.၅) သန်း ၊ ဩဂုတ်လ (၁)ရက်၌ မယ်ကျန့်ရွာအနီးတဝိုက်တွင် (၁.၉) သန်း၊ ဩဂုတ်(၂၈)ရက်က ပုံပါကျင်မြို့နယ် ပါတဲ့(ခ)ဝမ်မိုင် ရွာလမ်းခွဲတွင် (၁.၇သန်းခန့်)ပြားနှင့် စက်တင်ဘာလ (၂၀)ရက်၌ မြန်မာ-ထိုင်းနိုင်ငံနယ်စပ် နောင်ဝမ်းရွာအနီးတွင် စိတ်ကြွဆေးပြား (၄.၈) သန်းခန့်ကို အသီးသီးဖ-မ်းဆီရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ယနေ့ စက်တင်ဘာ (၂၉) ရက်၌ “ဝ” ပြည်နယ် စစ်ဒေသ(၁၇၁) ထိန်းချုပ်ရာ ဟွေအော၊မိုင်းတုံမြို့နယ်တွင် သ-က်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံသို့ (၂၄)ကြိမ်မြောက်အဖြစ် လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း ဦးညီရမ်းက အသိပေးထားသည်။
