Monday, February 2, 2026

၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား...

ပဲခူးတိုင်း၊ တောင်ငူမြို့၌ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ်ဖြတ်ကျော်နေ ရာတွင်တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ်...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...
HomeEntertainmentပြည်တွင်းသတင်း Eventဝိသာခါ ဖောင်ဒေးရှင်းနှင့် Kunming...

ဝိသာခါ ဖောင်ဒေးရှင်းနှင့် Kunming Medical University တို့ ပူးပေါင်းပြီး မျက်စိ အတွင်းတိမ်လူနာ ၁၂ဝ ဦးအား အခမဲ့ ခွဲစိတ် အလင်းဒါနပြု

ဝိသာခါဖောင်ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Kunming Medical University မှ မျက်စိအတွင်းတိမ်ကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့၊ သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ်ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ်လူနာ ၁၂ဝ ဦးကို အခမဲ့ခွဲ စိတ်ကာ ဒုတိယအကြိမ်မြောက် အလင်းဒါနပြု လှူဒါန်းခဲ့ကြောင်း သိရသည်။

”အစ်မတို့ ဝိသာခါဖောင်ဒေး ရှင်းအနေနဲ့ကတော့ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး ဦးတည်ချက်သုံးခုနဲ့ ရပ်တည်နေပါတယ်။ အခုအစ်မတို့ ဝိသာခါဖောင်ဒေးရှင်းနဲ့ Kunming Medical University က မျက်စိအတွင်း တိမ်ကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါနကုသိုလ်ဖြစ်ဆေးရုံကြီးမှာ မျက်စိအတွင်းတိမ် လူနာ ၁၂ဝ ကို အခမဲ့ ခွဲစိတ်ကုသပေးမှာဖြစ်ပါတယ်။ ဒီနှစ်က ဒုတိယအကြိမ် လာရောက်ကုသပေးတာလည်း ဖြစ်ပါတယ်။ အရင်နှစ်က Kunming Medical University က မျက်စိအတွင်းတိမ် ကုသရေးအဖွဲ့ လာတုန်းက သီတဂူရွှေပြည်ဟိန်းစက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးမှာ လိုအပ် တာတွေ သုံးဖို့ ဒေါ်လာ ၃ဝဝဝ လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မှာလည်း သူတို့ဒေါ်လာ ၃ဝဝဝ လှူဒါန်းပါတယ်။ တအားကို အားရစရာပါပဲ။ အခုလို မြန်မာပြည်သူတွေအတွက် လာရောက် လှူဒါန်းမှုတွေအတွက် အစ်မတို့ဝိသာခါဖောင်ဒေးရှင်းအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ် မိပါတယ်။ သူတို့ကိုလည်း ကျေးဇူး တင်ပါတယ်” ဟု အဆိုပါ အလင်းဒါနပြုလှူဒါန်းမှုအထိမ်းအမှတ်ပွဲနှင့် ပတ်သက်ပြီး ဝိသာခါဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌဖြစ်သူ မရွှေစင်က ပြော သည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် နိုဝင် ဘာလအတွင်းကလည်း ဝိသာခါ ဖောင်ဒေးရှင်းနှင့် Kunming Medical University မှ မျက်စိ အတွင်းတိမ်ကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး ပထမအကြိမ်အဖြစ် မျက်စိအတွင်းတိမ်လူနာ ၁၂ဝ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်သည်။

ဇော်ဝင်းအောင်

Ads Space Available


Continue reading

၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်မှု (၅၀)ရာခိုင်နှုန်းပြီးစီး

ပဲခူးတိုင်း၊ တောင်ငူမြို့၌ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ်ဖြတ်ကျော်နေ ရာတွင်တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် လုပ်ငန်းဆောင်ရွက်မှုမှာ (၅၀)ရာ ခိုင်နှုန်းပြီးစီးပြီဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ ဖေဖော်ဝါရီ ၁ ရက်က လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်နိုင်ရန် တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုနှင့် တာဝါတိုင်များစိုက်ထူနိုင်ရန် တိုင်ဆင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ချိန်အတွင်းအချိန်မီပြီးစီးရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင်...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်မည်

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။ ငလျင်ကာလအလွန် တည်ဆောက်ရေးနှင့် ပြန်လည်ပြု ပြင်ရေးလုပ်ငန်းများတွင် PE/RSE များ၏ အခန်းကဏ္ဍမှာပိုမိုအရေးပါလာရာ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အင်ဂျင်နီယာများ ကျင့်ဝတ်လိုက်နာမှုအားနည်းချက်များအားပြင်ဆင်နိုင်စေရေးနှင့် RSE လက်မှတ်ရ အင်ဂျင်နီယာများအား လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရေးတို့အတွက် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအား လာမည့် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၁...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မင်းကင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့်အကွာ၊ အနက် (၃၂) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၃ ဒသမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071