Monday, June 15, 2026

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...
HomeNewsLocal Newsဝိတ်ကွာခြားသော်လည်း ပြိုင်ပွဲဖြစ်မြောက်ခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်းနှင့်...

ဝိတ်ကွာခြားသော်လည်း ပြိုင်ပွဲဖြစ်မြောက်ခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် လိပ်နင်ဂျာ ဆမင်းဒမ်း

ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ လိပ်နင်ဂျာ ဆမင်းဒမ်းတို့ ယနေ့မတ်လ (၁၉)ရက်တွင် ဆေးစစ်ဝိတ်ချိန်ခဲ့ရာ ဆမင်းဒမ်းက 136.2 ပေါင်နှင့် ကျော်စွာဝင်းက 134.8 ပေါင်ရှိခဲ့ကြကြောင်း သိရသည်။

ဝိတ်ကွာခြားချက်အရ ကနဦး ပွဲပျ-က်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ရိုးရာဖိုက်တာကျော်စွာဝင်းလေ့ကျင့်နေသည့် ဖဲလ်တက်ကလပ်၏ ခွင့်ပြုချက်ဖြစ် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် ကျော်စွာဝင်းဘက်မှ ဆမင်းဒမ်း၏ ထိုးကြေးအတွင်းမှ ၃၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိခဲ့ကြောင်း သိရသည်။

ရိုးရာဖိုက်တာ ကျော်စွာဝင်းက “Pro ပီသတဲ့ ကစားသမားကြီးဖြစ်ချင်တော့လဲ 61 ဆိုသော ဝိတ်ကော ရေဓာတ်ကော အားလုံးအဆင်ပြေစွာနဲ့ ဝင်သွားပါတယ် ခင်ဗျ”ဟု ရေး သားမျှဝေထားသည်။

၎င်းတို့နှစ်ဦးသည် မနက်ဖြန် မတ်လ (၂၀)ရက် ညပိုင်းတွင် ကျင်းပပြုလုပ်မည့် ONE Friday Fight -147 ပွဲစဉ်အတွင်း ထိပ်တိုက်တွေ့ဆုံတော့မည်ဖြစ်သည်။

ရိုးရာဖိုက်တာကျော်စွာဝင်းသည် ONE Friday Fights-139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာမူဂါ ကို ဒုတိယအချီတွင် အလဲထိုးပြထားနိုင်သူဖြစ်သလို မြန်မာ့ရိုးရာလက်ဝှေ့ပညာဖြင့် ONE မှာ မျိုးဆက်သစ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ် သည်။

ကျော်စွာဝင်းသည် ပြိုင်ဘက်ဖြစ်သူကို တုံ့ပြန်သည့် နေရာ၌ Counter striker ကစားပုံဖြင့် တုန့်ပြန်တတ်ပြီး၊ နောက်မဆုတ်တမ်း ရှေ့တိုးထိုးသ-တ်တတ်ကာ ပါဝါပါသည့် လက်သီးချက်ဖြင့် ပြိုင်ဘက်ကို အလဲထိုးကစားတတ်သူဖြစ် သ ည်။

ပြိုင်ဘက်လိပ်နင်ဂျာ ဆမင်းဒမ်းမှာမူ ONE Friday Fights ပွဲစဉ်အတွင်း ခြေကန်ချက်များဖြင့် အစွမ်းပြနေသူဖြစ်ပြီး လက်ရှိအချိန်အထိ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသူလ ည်းဖြစ်သည်။

ဆမင်းဒမ်းသည် အောက်ခြေကန်ချက်များနှင့်အတူ လက်သီးတွဲလုံးများက ပြိုင်ဘက်ကို အမြဲဖိအားပေးကစားနိုင်စွမ်းရှိပြီး ယခုနှစ်အတွင်း နိုင်ပွဲ (၄) ပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်ဝန်ထမ်း(၆)ဦးကို ချီးမြှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား ယနေ့ ဇွန် ၁၅ ရက်ကချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက လျှပ်စစ်ဝန်ထမ်း(၆)ဦးအား ပြည်ထောင်စုဝန် ကြီးကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေး အပ်ချီးမြှင့်ခဲ့သည်။ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃)ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်း၌ အသုံး ပြုနေသောမီတာအားဖွင့်လှစ်၍ အတွင်း၌ပြုပြင်ပြီး တရားမဝင်ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားယူနစ်(၅,၀၆၈,၈၀၀)ဆုံးရှုံးခဲ့ရကာ ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ်(၄ ဒသမ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071