တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ တွေ့ရှိရသော စာရင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင်မူ ဝမ်းပျ-က်ဝမ်းလျှောရောဂါ သာမန်ဖြစ်ပွါးသူလူဦးရေ ၆၀ ရှိနေပြီး ပဲခူးတိုင်းတွင်မူ ပြင်းထန်အဆင့်ဖြစ်ပွါးသူ နှစ်ဦး ရှိနေသည်။
မိုးဦးကျကာလဖြစ်သည့်အတွက် ယင်းကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီး ဌာနက တို-က်တွန်း နှိုးဆော်ထားသည်။
ဝမ်းပျ-က်ဝမ်းလျော ရောဂါဖြစ်ခြင်းသည် မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအသောက်များ စားမိရာမှတဆင့် ဖြစ်ပွားလေ့ရှိပြီး၊ ရောဂါလက္ခဏာများအနေဖြင့် အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့ နံသော ဆန်ဆေးရည် ကဲ့သို့ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့်နှုတ်ခမ်းများ ခြောက်ခြင်း၊ ကြွက်တင်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်း အသိပေးထားထားသည်။
ထို့ကြောင့် ဝမ်းပျ-က်ဝမ်းလျောရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက အချိန်မီကုသမှု မခံယူလျှင် အသ-က်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားသောကြောင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကုသမှုခံယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။