Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeMyanmar Theatrical Traditionဝမ်းနည်းစရာတွေ ရှိပေမယ့် ပရိသတ်တွေရှေ့...

ဝမ်းနည်းစရာတွေ ရှိပေမယ့် ပရိသတ်တွေရှေ့ အမြဲပင် ပြုံးရွှင်နေတတ်သူ လူရွှင်တော် မိုးကျော်

လူရွှင်တော်လောကမှာ အတွဲညီလှတဲ့သူတွေ ထဲမှာဆိုနီ၊ မိုးကျော်တို့နှစ်ဦးလည်းအပါအဝင်ပါပဲ။ အခုအချိန်မှာတော့ ဒီနှစ်ဦးမှာ လူရွှင်တော်ကြီး ဦး ဆိုနီက ကွယ်လွန်ခဲ့ပြီဖြစ်ပြီး လူရွှင်တော်ကြီး ဦးမိုး ကျော်တစ်ဦးတည်းသာ ကျန်ရစ်ပါတော့တယ်။ ဦးမိုး ကျော်အနေနဲ့လည်း သူတစ်ဦးတည်းအနေနဲ့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေကို ရယ်မောပျော် ရွှင်စေနေတုန်းပဲဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံတဲ့အခါမှာ တော့ အခုခေတ်က လူရွှင်တော်တွေရဲ့ခေတ်ဆိုပြီး အခုလို ပြောပြလာတာက

“ဒီခေတ်မှာက လူရွှင်တော် ခေတ် လိုဖြစ်နေတယ်။ ဦးကလူရွှင်တော်ဖြစ်လို့ ကိုယ် ရည်သွေးပြီး ပြောတာမဟုတ်ဘူး။ ရုပ်ရှင်ဇာတ်ကား တွေသွားကြည့်လိုက်ရင် ၁ဝကားမှာ ၉ကားလောက် က ဟာသဇာတ်ကားတွေပါ။ ပရိသတ်တွေက အလွမ်း အဆွေးတွေကို စိတ်ညစ်ပြီး သိပ်မကြည့်ချင်ဘူး။ စား ဝတ်နေရေးတွေနဲ့ အင်မတန်ရုန်းကန်နေရတော့ ပျော် ချင်ကြပါတယ်။ အငြိမ့်ခွေတောင်မှ ပရိသတ်တွေက ဘာပြောလဲဆိုတော့ မင်းသမီးဘယ်လောက်အက ကောင်းကောင်း မင်းသမီးကိုကျော်ကြည့်ပစ်တယ်တဲ့။ လူရွှင်တော်ပြက်လုံးလောက်ပဲ သူတို့က  ရယ်ချင်ကြ တယ်။ တစ်ချို့လူငယ်တွေပြောတယ်။ ဦးဆိုနီတို့၊ ဦးမိုး ကျော်တို့ကတဲ့ ပိုက်ဆံလည်း ရတယ်၊ ကုသိုလ်ရတယ်တဲ့။ ဆရာပီမိုးနင်းရေးတဲ့စာအုပ်ရှိတယ်။ တစ်နေ့ကို ဟက် ဟက်ပက်ပက်နဲ့ ၃ခါရယ်ပါတဲ့။ ရှေးလူကြီးတွေရဲ့ စကားပုံ ရှိတယ်လေ။ စိတ်ထောင်းကိုယ်ကြေ၊ စိတ်ပျိုကိုယ်နုလေ။ ဒေါသကြီးတဲ့လူ အသက်တိုတယ်။ ပျော်ပျော်နေတဲ့လူ အသက်ရှည်တယ်။ ဦးကတော့ ပျော်ပျော်ပဲနေတယ်။ အပြင်သွားရင်လည်း ဘောင်းဘီတိုနဲ့စပို့ရှပ်နဲ့ လူငယ် စတိုင်ဟော့ရှော့နေတာ။

ဦးကိုတချို့က ၇၄နှစ်ဆိုတာ မယုံဘူး။ဦးမိုးကျော်ကတဲ့ ဗီဒီယိုရုပ်ရှင် ဇာတ်ကားတွေ ထဲကနဲ့ မတူဘူးတဲ့။ ဝပြီးတော့၊ အသားဖြူပြီးချောလာ တယ်တဲ့။ ဇေရဲထက်လို့တောင်ပြော ကြတယ်(ရယ် လျက်)။ပျော်ပျော်နေတာလေ။ စိတ်ထဲမှာဘာမှမတွေး ဘူး။ လူငယ်စတိုင်ပဲနေတယ်။ ဘယ်သူနဲ့မဆိုပေါင်း သင်းလို့ရတယ်ပေါ့” လို့ သူ့ရဲ့နေထိုင်မှုပုံစံကို ဦးမိုးကျော် ကပြောပြပါတယ်။

 ဒီလိုပျော်ပျော်နေပေမယ့်လည်း သူ့မှာစိတ် မကောင်းဖြစ်စရာတွေ၊ ဝမ်းနည်းစရာတွေအများကြီး ပါပဲ။ အဲဒီအခါမှာတော့ သူ့အနေနဲ့ ဘယ်လိုစိတ်နဲ့ ဖြတ် သန်းခဲ့ရလဲဆိုတာကိုတော့ သူက ” အနုပညာသမားဆို တာ အိမ်မှာ အဖေ၊ အမေသေနေ ပါစေ။ စင်ပေါ်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့အခါ အငိုမျက်လုံးအပြုံး မျက်နှာနဲ့ တင်ဆက်ရတာပဲ။ ကိုယ်စိတ်ဆင်းရဲတာကို ပရိသတ်ကိုဖော်မပြဘူး။ ဇာတ်စင်အောက်ကျမှ မျက် ရည်ကျရင်ကျမယ်။ စင်ပေါ်မှာတော့ ပျော်ပျော်လေး သရုပ်ဆောင်ရမယ်” လို့ ဦးမိုးကျော်က ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071