Thursday, June 5, 2025

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ်...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့...

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို...

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊...

အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည့်...

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဇွန်လ (၉) ရက်တွင် စတင်ကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ...

ပဲခူးတိုင်းအတွင်း ဇူလိုင်လကုန်အထိ ကျောင်းအပ်လက်ခံသွားမည်

ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားမည်ဟု ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုတို့နှင့် ပတ်သက်၍...
HomeNewsLocal Newsဝန်တိန် - ကျင်စန်းကျော့...

ဝန်တိန် – ကျင်စန်းကျော့ လမ်းကြောင်း၌ ရှန်တိန်စနစ် ဖြေလျှော့ပေးမှုကြောင့် ကုန်သည်များ အပိုကုန်ကျစရိတ်သက်သာကာ အဆင်ပြေဟုဆို

မူဆယ် ၁၀၅ မိုင်မှ တရုတ်ဖက်သို့ ကုန်ပစ္စည်း တင်ပို့မည့် ကုန်တင်ယာဉ်များ ခေါက်တို ရှန်တိန်စနစ်(အစားထိုးယာဉ်မောင်း) ဖြေလျှော့မှုများပြုလုပ်ခဲ့သည့်အတွက် ကုန်ပစ္စည်းတင်ပို့သူများ ကုန်ကျစရိတ်သက်သာလာကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှ သိရသည်။

ယခင်က ကိုဗစ်ကန့်သတ်ချက်များနှင့်အညီ တားမြစ်ချက်များကြောင့် မြန်မာဖက်ခြမ်းမှ ကုန်ပစ္စည်း တင်ပို့မည့်သူများအနေဖြင့် ခေါက်တိုအစားထိုး ယာဉ်မောင်းများ ငှားရမ်းပြီး မောင်းနှင်နေရသည့်အတွက် ကုန်ကျစရိတ်များပြားခဲ့ကြောင်း သိရသည်။

ယခုတွင် အဆိုပါ မူဆယ် ၁၀၅ မိုင်ရှိ ဝန်တိမ် – ကျင်စန်းကျော့ နယ်စပ်လမ်းကြောင်းတွင် ရှန်တိန် စနစ် (၃) ဆင့်ကို ဖြေလျှော့ ပေးလိုက်ပြီး တရုတ်ပြည်ဖက်သို့ ကူးသည့် လမ်းကြောင်းကိုသာ ရှန်တိန်စနစ်မောင်းနှင် ရကြောင်းသိရသည်။

” ဟုတ်ပါတယ် ။ နှင်းနှင်းခိုင်ကွင်း ကနေပြီးတော့ ရွှေလယ်အင်အထိ ရှန်တိန် စနစ် ဖြေလျှော့ ပေးလိုက်တဲ့အတွက် ကိုယ့်ကားကိုယ်မောင်းဝင်လို့ ရပါပြီ။ ရွှေလယ်အင်ရောက်ခါမှ ကွင်းထဲကို ဝင်ဖို့ ရှန်တိန် တစ်ဆင့်ပဲ ကျန်ပါတော့တယ် ” မူဆယ် ၁၀၅ မိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။

ယခင်က ရွှေမိုင်းယုကွင်းမှ မူဆယ် ကုန်သွယ်ရေးဇုန်အထိ တဆင့်၊ ကုန်သွယ်ရေးဇုန်မှ နှင်းနှင်းခိုင်ကွင်းအထိတဆင့်၊ နှင်းနှင်းခိုင်ကွင်းမှ ရွှေလီရေးဗားကွင်းသို့ တဆင့်၊ ရွှေလီရေးဗားကွင်းမှ ကျင်စန်းကျော့ လွယ်အင်ရွာအထိ ရှန်တိန်တဆင့်နဲ့ လွယ်အင်ရွာကနေ ရွှေလွယ်အင်ကွင်းအထိ နောက်ရှန်တိန် (၁) ဆင့် စသဖြင့် အဆင့်ဆင့်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် ၁ သိန်းခွဲဝန်းကျင် ကုန်ကျကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ရှန်တိန်စနစ်ကို ဇန်နဝါရီလ (၁၅) ရက် နံနက်ပိုင်းမှ စတင်ကာ ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ပြီး ကုန်သည်များအတွက် အဆင်ပြေကြောင်းလည်း မူဆယ်နယ်စပ် ကုန်သည်များက ပြောသည်။

” အခုတော့ ကိုယ့်ကားကိုယ်မောင်း ဝင်လို့ ရပြီဆိုတော့ အဆင်ပြေတာပေါ့။ တရုတ်ကို ငှားရတာက အဆင်မပြေဘူးလေ။ ပျက်တာစီးတာကလည်း ရှိသေးတယ် ။ ဘယ်သူမှတော့ ကိုယ့်ကားကိုယ်မောင်းသလောက် မကောင်းကြဘူးလေ” ဟု မူဆယ် ၁၀၅ မိုင်မှ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက် ကုန်ပစ္စည်းများ၊ ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ တရုတ် – မြန်မာ နယ်စပ် ဝန်တိန် – ကျင်စန်းကျော့ လမ်းကြောင်းတွင် တစ်ရက်လျှင် ကားအစီးရေ ၁၅ဝ မှ ၁၆ဝ ကြား ပုံမှန်ဝင်ထွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ် (၅,၀၀၀)နှုန်းဖြင့် လိုသ၍ ဝယ်ယူနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့ မေ (၁၁) ရက်မှ ဇွန် (၃) ရက်အထိ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဝယ်ယူနေရာမှ ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လားရှိုးမြို့တွင် စက်သုံးဆီရောင်းချပေးမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ 92 နှင့် ပရီမီယံဆီအပါအဝင် ဒီဇယ်ဆီတို့ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ " အသောက၊ ပတ္တမြား၊...

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိက ပြည်ဝင်ခွင့်ပိတ်

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ပါဝင်သည်။ အခြားနိုင်ငံ ခုနစ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ ခရီးသွားများ၏ဝင်ရောက်မှုကိုမူ တစ်စိတ်တစ်ပိုင်း ကန့်သ-တ်မည်ဖြစ်သည်ဟု သိရသည်။ "ကျွန်တော်တို့နိုင်ငံကို အန္တရာယ်ပြုလိုတဲ့ အခုကန့်သတ်ထားတဲ့နိုင်ငံက လူ‌တွေ ကို...

အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည့် မြန်မာယူ – ၁၉ အမျိုးသမီးအသင်း

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဇွန်လ (၉) ရက်တွင် စတင်ကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စု (A )တွင် အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (B)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ပါဝင်နေသည်။ ယူ-၁၉ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်လ(၉) ရက်တွင် အိမ်ရှင် ဗီယက်နမ်၊ ဇွန် (၁၁)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071