Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeNewsLocal Newsဝန်ဆောင်မှုနှင့် အာမခံမှုမပေးနိုင်သည့် EV...

ဝန်ဆောင်မှုနှင့် အာမခံမှုမပေးနိုင်သည့် EV ကားများ စျေးကွက်အတွင်းဝင်ရောက်နေခြင်းကြောင့် မှန်ကန်စွာတင်သွင်းသူများပါ အခက်ကြုံ​နေ

နစကအနေဖြင့် လျှပ်စစ်ကားများမြန်ဆန်စွာတင်သွင်းနိုင်ရန် အရင်းအနှီးနည်းပါးသည့် အရောင်းစာချုပ်ဖြင့် တင်သွင်းမှုကို အစမ်းသဘောခွင့်ပြုထားခြင်းကြောင့် (CBU) ကုမ္ပဏီများ၏ EV ကားများ ဈေးကွက်အတွင်း အများအပြားရောင်းချနေရမှုများရှိသည်။

သို့သော် နောက်ပိုင်းတွင် ရောင်းချပြီးနောက် လုပ်ပေးရမည့်ဝန်ဆောင်မှုနှင့် အပိုပစ္စည်းမရှိသည့်ကားများသည်လည်း မြန်မာဈေးကွက်အတွင်း စုပုံဝင်ရောက်မှုရှိနေသည်။

မကြာသေးမီက တရုတ်နိုင်ငံထုတ် Neta EV ကား၏ မိခင်ကုမ္ပဏီသည် ကားထုတ်လုပ်မှုရပ်နားပြီး ဒေဝါလီခံကြောင်း ကြေညာပြီးနောက်ပိုင်းတွင် EVကားများနှင့် ပက်သက်၍ မြန်မာစျေးကွက် အတွင်းတွင်လည်း ရိုက်ခတ်မှုရှိခဲ့သည်။

ထိုသို့ရိုက်ခတ်မှုနှင့်အတူ EVကားဝယ်ယူသူများကို စျေးကွက်၌လည်း ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်လာမှုများလည်းရှိနေသည်ဟု စုံစမ်းသိရှိရသည်။

လက်ရှိတွင် EVစျေးကွက်၌ တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် အချို့သော CBU ကား အမျိုးအစားများကို ကားပွဲစားများ၊ ကားအရောင်းစင်တာများမှ မသိနားမလည်သည့် သုံးစွဲသူပြည်သူများထံ အလွယ်တကူရောင်းချမှုများသည် ပိုမိုများပြားလာနေသည်။

“ကိုယ့်ဆီမှာ လက်ထဲ instockလည်းမရှိသေးဘူး၊ ဒါပေမယ့် အရပ်ပြောဆို ကြိုတင်အော်ဒါ preorderပေါ့ဗျာ၊ Booking Fee ကြိုကောက်ပြီး စျေးကွက်ထဲဖြန့်တယ်၊ မှာတဲ့ကား ပြည်တွင်းကို ရောက်ပြီ လက်ထဲရောက်ပြီဆို ဒေါ်လာပေါက်တဲ့စျေးအတိုင်း စျေးအလိုက်ပေးရတယ်၊ စျေးတွေလည်းမတန်တဆ၊ အာမခံချက်နည်း၊ အဲ့ဒီလို ဝယ်ယူသုံးစွဲသူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုရောင်းချနေတာမျိုးတွေရှိတယ်၊ စျေးကွက်ဖျက်နေတာတွေပေါ့”ဟု EV ကားလောကနှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပေးသည်။

ထိုနည်းတူ တချို့သော CBU ကား brand များသည် ဝယ်ယူသူများထံ ရောင်းချပြီးလျှင် တာဝန်ကင်းသည်ဟူသော ပုံစံများလည်း လုပ်ဆောင်နေကြောင်းလည်း သိရသည်။

“တချို့က ကားပဲတင်သွင်းလိုပြီး တာဝန်ယူမှုမရှိဘူး၊ EV က ဆီကားလို တင်သွင်းပြီးရင် ပြီးရောလုပ်လို့မရဘူး။ Car Workshop ပို့လို့ရတဲ့ဟာမဟုတ်သေးဘူး။ အဓိက ဘတ္ထရီပိုင်း၊ ဘော်ဒီပိုင်း၊ နည်းပညာပိုင်း၊ Software ပိုင်းဆို Update က အမြဲလုပ်ရတာ။ ဒါတွေကို နည်းပညာကျွမ်းကျင် ဝန်ဆောင်မှုပေးနိုင်မှအဆင်ပြေမှာ” ဟု  ကားတင်သွင်းသူတစ်ဦးက မှတ်ချက်ပေးသည်။

စျေးကွက်အတွင်း ယုံကြည်စိတ်ချခိုင်မာနေသော Brand များသည် ထိုကဲ့သို့ မလုပ်ဆောင်သော်လည်း စျေးကွက်ဖျက်သူ ဝိသမလောဘသမားများကို သတိထားရန်လိုကြောင်းလည်း သူက ပြောသည်။ အာမခံမှုမ​သေချာသည့် အ​ရောင်းများဝင်ရောက်နေခြင်းကြောင့် ဝန်​ဆောင်မှုအပြည့်​​ပေးသည့် တင်သွင်းသူများပါအခက်အခဲဖြစ်နေကြောင်းလည်း ကြားသိ​နေရသည်။

ထို့ကြောင့် ဝယ်သူအများစု EV ဝယ်ယူရန် စိတ်ပျ-က်ကာ ဆီကားများထံသို့ ပြောင်းလဲဝယ်ယူမှုများရှိလာသည်ဟုလည်း သူက ဆက်ရှင်းပြသည်။

EV ကားများကို တင်သွင်းရောင်းချသည့်ကုမ္ပဏီများသည် Overseas Distribution Agreement (ODA) စာချုပ် နှင့် Sales Contract ဟူ၍ ၂ မျိုးရှိရာမှ ODA စာချုပ်သည် Aftersales Service နှင့် official 3s Showroom များတည်ဆောက်၍ တာဝန်ခံရသည့်အတွက် အရင်းအနှီး ပိုမိုများပြားသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ အနေဖြင့် EV Pilot Project အဖြစ်လုပ်ဆောင်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်အထိ ပြည်ပမှ EV ကားအစီးလိုက် တင်သွင်းသည့် (CBU) ကုမ္ပဏီ (၈၀)ကျော်အထိရှိနေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071