ဝဇီရာရုပ်ရှင်ရုံ ကို နိုင်ငံတကာ အဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံ အဖြစ် အဆင်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ ညိနှိုင်းအစည်းဝေးကို ယမန်နေ့ စက်တင်ဘာ(၂၅)ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ပြသမှု တစ်ခုတည်းသာမက အနုပညာလုပ်ငန်းများစွာ ဘက်စုံအသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၆ ခုနှစ် မတ်လတွင် ဖွင့်လှစ်နိုင်ရေးကြိုတင်စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
ထို့ပြင် ဝဇီရာရုပ်ရှင်ရုံ အဆင့်မြင့်တင် ဆောင်ရွက်ရာတွင် ယာဉ်ရပ်နားရန်နေရာများ ၊ ရုပ်ရှင်ရုံသို့လာရောက်သည့် ပရိသတ်များ အဆင်ပြေချောမွေ့စွာလာရောက်နိုင်ရေးအတွက် သင့်လျော်သည့် လူကူးခုံကျော်တံတား (သို့မဟုတ်) မြေ အောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးကိစ္စများကိုပါ ကြိုတင်တွက်ဆ စဉ်စားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အဆိုပါ အစည်းဝေးသို့ ဒုတိယဝန်ကြီး ဦးရဲတင့် ၊အမြဲတန်းအတွင်း၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ၊ မြန်မာသဘင် အစည်းအရုံး ၊ မြန်မာ နိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံဗိသုကာကောင်စီ ဥက္ကဋ္ဌ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
