Saturday, December 13, 2025

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...
HomeNewsLocal Newsဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေး ထဲမှကျော်ပုလဲ...

ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေး ထဲမှကျော်ပုလဲ နောက်မြီးရိုးဒဏ်ရာဖြင့် ‌ေ-သဆုံး

ပဲခူးတိုင်း ဘုရားကြီးမြို့ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးစခန်းရှိ ဆင်အမွှာလေးတကောင်ဖြစ်သည့် ရှစ်လသားအရွယ် ဆင်ထီးလေး ကျော်ပုလဲမှာ ခါးရိုးဆစ်၊ နောက်မြီးရိုးဒဏ်ရာများဖြင့် ယနေ့ ဇူလိုင် ၆ ရက် နံနက် ၅ နာရီခွဲအချိန်တွင် ကွယ်လွန်ခဲ့ကြောင်း စခန်းကတရားဝင်အသိပေးသည်။

၄င်းအား ယနေ့နံနက်ပိုင်းတွင် ကောင်းမွန်စွာ မြေမြှုပ်သဂြိုဟ်ပြီးစီးပြီဖြစ်ကာ ၊ ဆင်စခန်းအတွင်း အ မှတ်တရ အုတ်ဂူတည်ဆောက်ပြီး ထားရှိရန်စီစဉ်ထားရှိကြောင်း သိရသည်။

ထို့အပြင် ကျော်ပုလဲအားရည်စူး၍ ဝင်္ဂဘော်ရွာဦး‌ကျောင်း၌ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည့်အပြင် ဆင်စခန်း၌ ဇူလိုင် ၁၂ရက်တွင် ရက်လည်ဆွမ်းကပ်ကုသိုလ်ဆောင်ရွက်ပေးရန်စီစဉ်ထားရှိကြောင်း သိရသည်။

အမွှာဆင်ထီးလေးကျော်ပုလဲသည်
ပြီးခဲ့သည့် မေ ၃ ရက် ညသန်းခေါင်းယံအချိန်၌ ခွေးများရုတ်တရက်ဟောင်သည့်အတွက် မိခင်ဖြစ်သူ ဆင်မကြီးမှာ ရုတ်တရက် နောက်ခြေအားယူ ထလိုက်ရာ မိခင်အနားအိပ်ပျော်နေသည့် ကျော်ပုလဲလေး၏ ကျောနှင့် တင်ပါးဆုံပိုင်းကို ခြေထောက်ဖြင့်ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့‌ကြောင်း ဝင်္ဂဘော်ဆင်စခန်းက အသိပေးချက်တွင်ဖော်ပြထားသည်။

၈ လကျော်အရွယ် ဆင်ထီးကလေး ကျော်ပုလဲအား အနာသက်သာစေရန်‌ ဆေးမျိုးစုံ နည်းမျိုးစုံဖြင့် ၂ လနှင့် ၃ရက်ကြာ နေ့ညမပြတ် ဆေးကုသပေးခဲ့သော်လည်း ယနေ့တွင် ‌ေ-သဆုံးခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။

ကျော်ပုလဲနှင့် အစ်မဖြစ်သူ ပုလဲဆင့်တို့ကို အသက် ၂၂ နှစ်အရွယ် မိခင်ဆင်မကြီး ပုလဲစန္ဒာက၂၀၂၄ ဩဂုတ်လ၂၆ ရက်တွင် ဝင်္ဂဘော်ဆင်စခန်း၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ထိုမွေးဖွားမှုသည် မြန်မာ့သစ်ထုတ်ဌာန၏ ၁၂ ကြိမ်မြောက် ဆင်အမွှာမွေးဖွားမှု မှတ်တမ်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဝင်္ဂဘော်ဆင်စခန်းအတွက်လည်း ပထမဆုံးအကြိမ် ဆင်အမွှာမွေးဖွားမှုဖြစ်ကြောင်း သိရသည်။ကမ္ဘာပေါ်တွင် ဆင်အမွှာ မွေးသည်မှာ ရှားပါးလှသည်။ ထို့ထက်ပို၍ ဆင်မောင်နှမ အမွှာက ပိုရှားသည်။

ပုလဲဆင့်နှင့် ကျော်ပုလဲဆင်အမွှာ မွေးဖွားပြီးနောက်ပိုင်းတွင် စခန်းသို့ ဧည့်သည်လာရောက်မှုပိုမိုများလာခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများ၌ တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၃၀၀၀ နှင့် ၅၀၀၀ ခန့်ထိ ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ဝင်္ဂဘော် ဆင်စခန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူ

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်အောင်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝန်းရံထောက်ခံသူများ တက်ရောက်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အတွင်းရှိ ဒေသအခြေအစိုက် မွန်ညီညွတ်ရေးပါတီသာမက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့အပြင် အခြားပါတီများအ‌နေဖြင့် အောင်နိုင်ရေးဆိုင်ဘုတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071