Looking for something?

Explore the website

Looking for something?

Sunday, May 18, 2025

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ မိုးကြိုးပစ်၍ လူ ၁၄...

နူးဒေလီ၊မေ ၁၇ အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဩဒိရှပြည်နယ်၌ သောကြာနေ့က မိုးကြိုးပစ်၍ လူ ၁၄ ဦး ထက်မနည်း ‌ေ-သဆုံးကာ လူအချို့ ထိခို-က်ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။ သောကြာနေ့ကသည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့်...

USDP ပါတီနှင့် ဘယ်လာရုစ်နိုင်ငံ Belaya...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် ဘယ်လာရုစ်နိုင်ငံ အနိုင်ရပါတီဖြစ်သည့် Belaya Rus ပါတီတို့ကြား ပါတီအချင်းချင်း ပါတီလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သဘောတူစာချုပ်အား...

အင်းလေးတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေသန့်နှင့် Mobile...

ငလျင်ဒဏ်ခံစားခဲ့ရသော အင်းလေးဒေသတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးဆောင်၍ ကူညီရေးအဖွဲ့များမှ ရေသန့်နှင့် Mobile Toilet များစီစဉ်ပေးနေကြောင်း သိရသည်။ ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်...

နောက်ဆက်တွဲ ငလျင်ကြောင့် မန္တလေးက ငလျင်ရှောင်ယာယီတဲ...

ယမန်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅ ဒသမ ၂ ရှိသည့် ငလျင်ကြောင့် မန္တလေးမြို့ရှိ ငလျင်ရှောင်ယာယီတဲ သစ်ပင်ပိကာ သားအဖနှစ်ဦး...
HomeNewsLocal Newsလှိုင်သာယာမြို့နယ်ရှိ FMI အိမ်ယာဝင်းအတွင်း၌...

လှိုင်သာယာမြို့နယ်ရှိ FMI အိမ်ယာဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ၄ ရပ်ကွက်ရှိ FMI အိမ်ယာဝင်းအတွင်း၌ ဇန်နဝါရီ ၂၄ ရက် (ယနေ့)နေ့လည်ပိုင်းက မိနစ် ၂၀ ခန့်ကြာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၁၆ မိနစ်ခန့်က လှိုင်သာယာမြို့နယ်၊ ၄ ရပ်ကွက်၊ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ FMI အိမ်ယာဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွား၍ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှမီးသတ်ကား ၅ စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နေ့လည် ၁ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-ကရုဏာကမ်းလက်လူမှုကူညီရေးအသင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ မိုးကြိုးပစ်၍ လူ ၁၄ ဦး‌ေ-သဆုံး

နူးဒေလီ၊မေ ၁၇ အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဩဒိရှပြည်နယ်၌ သောကြာနေ့က မိုးကြိုးပစ်၍ လူ ၁၄ ဦး ထက်မနည်း ‌ေ-သဆုံးကာ လူအချို့ ထိခို-က်ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။ သောကြာနေ့ကသည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ်အတွင်းရှိနေရာအတော်များများကို ထိခို-က်ပျ-က်စီးစေခဲ့သည်ဟုလည်းဆိုပြီး အိန္ဒိယမိုးလေဝသဌာနကမူ မိုးသည်းထန်မှုကြောင့် မိုးကြိုးပစ်ခြင်းနှင့်လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်ထားသည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ်နှစ်တိုင်း မုတ်သုံရာသီဝင်ချိန်၌ မိုးကြိုးပစ်ခြင်းကြောင့် လူများ ရာနှင့်ချီကာ ‌ေ-သဆုံးလေ့ရှိသောနိုင်ငံလည်းဖြစ်သည်။ Source : ရှင်းဟွာ

USDP ပါတီနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီတို့ကြား ပါတီလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် ဘယ်လာရုစ်နိုင်ငံ အနိုင်ရပါတီဖြစ်သည့် Belaya Rus ပါတီတို့ကြား ပါတီအချင်းချင်း ပါတီလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သဘောတူစာချုပ်အား USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် Belaya Rus ပါတီ၏ တာဝန်ရှိသူတို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် Belaya Rus ပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ အီရန်၊ ကာဇက်စတန်၊...

အင်းလေးတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေသန့်နှင့် Mobile Toilet များ စီစဉ်ပေးနေ

ငလျင်ဒဏ်ခံစားခဲ့ရသော အင်းလေးဒေသတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးဆောင်၍ ကူညီရေးအဖွဲ့များမှ ရေသန့်နှင့် Mobile Toilet များစီစဉ်ပေးနေကြောင်း သိရသည်။ ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မတ် (၃၀) ရက်မှစပြီး အင်းလေးဒေသရှိ ကျေးရွာ (၄၅) ရွာကို သောက်သုံးရေဖြန့်ဝေပေးခဲ့ရာ ယနေ့အချိန်အထိ ရေဂါလန် (၇၉,၆၀၀) ဖြန့်ဝေနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုနည်းတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Eco Care ကုမ္ပဏီတို့ ပူးပေါင်းပြီး ကျေးရွာသောက်သုံးရေရရှိရေးအတွက် နှစ်မိုင်ခန့်ကွာဝေးသော အင်ကြင်းကုန်းရွာစက်ရေတွင်းမှ အင်းလေးကန်ကို ဖြတ်၍ GI ရေပိုက်လိုင်းသွယ်တန်းပေးထားသည်။ ထို့ပြင် UNICEF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071