ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးထုတ်လုပ်တိုးတက်စေရေးအတွက် နည်းပညာပြပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။
အဆိုပါ နည်းပညာပြပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့တက်ရောက်ခဲ့ကြပြီး ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှထုတ်လုပ်ပေးလျက်ရှိသည့် အဆင့်မြင့်ဒေသမျိုးဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ဟင်းသီးဟင်းရွက်သစ်သီးဝလံမျိုးစေ့များနှင့် သွင်းအားစုဆိုင်ခန်းပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့ပြင် ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ ဒေသမျိုး ဟင်းသီးဟင်းရွက်သစ်သီဝလံများအား Green House စနစ်ဖြင့်စိုက်ပျိုးထားစိုက်ပျိုးထားရှိမှု၊ စံပြဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်စိုက်ခင်းများကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြပွဲတွင် လာရောက်လေ့လာကြသည့် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်မှ စိုက်ပျိုးရေရှိရေးဆောင်ရွက်ပေးနေမှုနှင့် စိုက်ပျိုးရေအား စနစ်တကျအလေအလွင့်မရှိသုံးစွဲနိုင်ရေးတို့အား အသိပညာပေးပြောကြားခဲ့သည်။
