Saturday, February 14, 2026

ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သော ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအား...

ရွေးကောက်ပွဲအနိုင်ရ တာရစ်ရာမန်ကို မိုဒီ ဖုန်းဆက်ဂုဏ်ပြု

        အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် တာရစ်ရာမန်နှင့် ဖုန်းဆက်စကားပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ၌ ၎င်း၏ အောင်ပွဲရမှုကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။       စကားပြောဆိုစဥ် မစ္စတာရာမန်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းအားထုတ်နိုင်ပါစေကြောင်းနှင့်...

အီရန်အစိုးရအပြောင်းအလဲကအကောင်းဆုံးအရာဖြစ်လိမ့်မည်–ထရမ့်ပ်

          အီရန်အပေါ် စစ်ရေးအရအရေးယူရန်သင့် မသင့် ကို အမေရိကန်အစိုးရက စဉ်းစားနေချိန်တွင် အီရန်နိုင်ငံ၌ အစိုးရပြောင်းလဲခြင်းသည်  အကောင်းဆုံးအရာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။          မြောက်ကာရိုလိုင်းနား...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပါအဝင် စီမံကိန်းများစွာကိုဖော်ဆောင်နေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းအပါအဝင် စီမံကိန်းများစွာကိုဖော်ဆောင်နေသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ညနေပိုင်းက ရန်ကုန်မြို့၌...
HomeNewsLocal Newsလွိုင်ကော်မြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးနေ

လွိုင်ကော်မြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးနေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၊ ကျေးရွာများ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးမှ ဖေဖော်ဝါရီ ၁၃ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်း နမ့်ဘော်ဝမ် (ခါး)ရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်း၊ အခြေ ခံပညာအထက်တန်းကျောင်း(ခွဲ)လောဓမ္မတို့တွင်  သင် ကြား/သင်ယူနေမှုတို့ကို ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများပေးအပ်ခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)လောဓမ္မတွင် ၂၀၂၆ ခုနှစ် တက္က သိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေးအတွက် စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးအထူးဂရုပြုရန်၊ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့အရောက်ကြိုးစားကြရန်မှာကြားခဲ့သည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေးဝန် ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦး စီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စုရပ်(၁၅) နေရာတွင် စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့် ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အထိ ရက်ပေါင်း(၄၀)ကြာ သင်ကြားလျက်ရှိရာ သင်တန်းသား/သင်တန်းသူ(၁၉၈)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သော ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(ဆ)၏နောက်တွင် ပုဒ်မခွဲ(ဇ) ကိုဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။ ဖြည့်စွက်ခဲ့သည့် ပုဒ်မခွဲ(ဇ)၌ လိုအပ်ပါက နာယကအဖွဲ့သည် တာဝန်ခံဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သည်ဟု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်...

ရွေးကောက်ပွဲအနိုင်ရ တာရစ်ရာမန်ကို မိုဒီ ဖုန်းဆက်ဂုဏ်ပြု

        အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် တာရစ်ရာမန်နှင့် ဖုန်းဆက်စကားပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ၌ ၎င်း၏ အောင်ပွဲရမှုကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။       စကားပြောဆိုစဥ် မစ္စတာရာမန်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းအားထုတ်နိုင်ပါစေကြောင်းနှင့် ထောက်ခံအားပေးပါကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။       နှစ်နိုင်ငံအကြား နီးကပ်ပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မီးမောင်းထိုးပြလျှက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နက်ရှိုင်းသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများဖြင့် စည်းနှောင်ထားသော အိမ်နီးချင်းများဖြစ်ကြကြောင်း မိုဒီက မှတ်ချက်ပြု ပြောကြားခဲ့သည်။ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးဆက်လက်ဆောင်ရွက်သွားရန် အိန္ဒိယက ထပ်လောင်းကတိပြုကြောင်း...

အီရန်အစိုးရအပြောင်းအလဲကအကောင်းဆုံးအရာဖြစ်လိမ့်မည်–ထရမ့်ပ်

          အီရန်အပေါ် စစ်ရေးအရအရေးယူရန်သင့် မသင့် ကို အမေရိကန်အစိုးရက စဉ်းစားနေချိန်တွင် အီရန်နိုင်ငံ၌ အစိုးရပြောင်းလဲခြင်းသည်  အကောင်းဆုံးအရာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။          မြောက်ကာရိုလိုင်းနား Ft.Bragg ရှိ တပ်ဖွဲ့ဝင်များထံ အလည်အပတ်သွားရောက်ခဲ့ပြီး မကြာမီတွင် အရှေ့အလယ်ပိုင်းဒေသသို့ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောအုပ်စုကို စေလွှတ်လိုက်ခြင်းကိုသူ အတည်ပြုခဲ့ပြီးနောက်တွင် ထရမ့်ပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။           အီရန်တွင် အစ္စလာမ်မစ်ဘာသာရေးခေါင်းဆောင်များ၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် ဖိအား ပေးခြင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် အပြန်အလှန် အမေးအဖြေလုပ်ခဲ့ရာတွင် “ဒီအချက်က ဖြစ်နိုင်သမျှထဲမှာ အကောင်းဆုံးအရာဖြစ်မယ်လို့ ထင်ပါတယ်” ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071