ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။
ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။
လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့နောက် မွေးမြူရေးခြံများသို့လည်း သွားရောက်ခဲ့ပြီး မွေးမြူရေးခြံများတွင် တိရစ္ဆာန်ကူးစက်ရောဂါများ ကျရောက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် ကြက်မွေးမြူမှုများ ယခုထက်ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများက လိုအပ်သည့်ပံ့ပိုးကူညီများဆောင်ရွက်ပေးသွားရန်မှာကြားခဲ့ကြောင်း သိရသည်။
