Friday, August 14, 2026

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာ ကျပ်...

ရန်ကုန်၊ ဩဂုတ်-၁၄ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၁ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း...

​ဟော်မုဇ်ရေလက်ကြားမှာ ယူအေအီး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ

​အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်တဲ့ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ယူအေအီး သတင်းအေဂျင်စီ WAM က...

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို...

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက...

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃...
HomeNewsLocal Newsလေဖိအားနည်းရပ်ဝန်း ၄၈ နာရီအတွင်း...

လေဖိအားနည်းရပ်ဝန်း ၄၈ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းလွန်ဒေသများသို့ ရောက်ရှိနိုင်

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၄၈ နာရီအတွင်း မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသများသို့ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ထို့ကြောင့် ယမန်နေ့ နိုဝင်ဘာ ၁ ရက်ညနေပိုင်းမှစတင်ကာ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့လည်ပိုင်းအထိ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အများစု၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်ခ-တ်မှုများဖြစ်ပေါ်ခဲ့ကာ ရန်ကုန်မြို့တွင်းလမ်းများပေါ်တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း လာမည့် ၂၄ နာရီအတွင်း လေပြင်းတို-က်ခ-တ်ပြီး အမြင့်(၉)ပေမှ (၁၁)ပေခန့်အထိ လှိုင်းကြီးများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာ ကျပ် ၁၈၀ ဝန်းကျင် ပြန်ကျ

ရန်ကုန်၊ ဩဂုတ်-၁၄ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၁ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဩဂုတ်လ ၁၄ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –ဓာတ်ဆီ 92 Ron ၃,၆၅၀ ကျပ်၊ဓာတ်ဆီ 95 Ron ၃,၇၇၀ ကျပ်၊ဒီဇယ် (HSD 500 ppm)...

​ဟော်မုဇ်ရေလက်ကြားမှာ ယူအေအီး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ

​အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်တဲ့ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ယူအေအီး သတင်းအေဂျင်စီ WAM က ဆိုပါတယ်။ ​ADNOC ကုမ္ပဏီက "ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ဟော်မုဇ်ရေလက်ကြားကို ဖြတ်နေတုန်း ကျွန်တော်တို့ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရတာပါ။ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး၊ အခုဆိုရင် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ပါပြီ" လို့ ပြောပါတယ်။ ​ဒီတိုက်ခိုက်မှုဟာ အီရန်လက်ချက်ပဲလို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ ဒီလို...

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများထောက်ပံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071