Friday, May 16, 2025

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန်...

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက...

Print, Sign & ICT...

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)...

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ...
HomeInternationalလေဒီဂါဂါပွဲဗုံးဖောက်ဖို့ကြံစည်မှုဖြင့်သံသယရှိသူနှစ်ဦးကိုဘရာဇီးရဲကဖမ်း

လေဒီဂါဂါပွဲဗုံးဖောက်ဖို့ကြံစည်မှုဖြင့်သံသယရှိသူနှစ်ဦးကိုဘရာဇီးရဲကဖမ်း

မေလ ၄ ရက်

ရီယိုဒီဂျနေရိုးတွင် လူပေါင်း နှစ်သန်းကျော် တက်ရောက်ခဲ့သော လေဒီဂါဂါဖျော်ဖြေပွဲ၌ ဖောက်ခွဲရန် ကြံစည်မှုဖြင့် လူနှစ်ဦးကို ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

စနေနေ့ကနာမည်ကျော် ကိုပါကာဘာနာ ကမ်းခြေမှာ ကျင်းပသော အခမဲ့ဖျော်ဖြေပွဲ၌ ဗုံးခွဲတိုက်ခိုက်မှုကို တားဆီးပိတ်ပင်နိုင်ခဲ့သည်ဟု ရီယိုဒီဂျနေရိုးမြို့ပြရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့သည်။ သံသယရှိသူတွေကိုဖမ်းဆီးနိုင်ခဲ့ပါသည်။

“Fake Monster” ဟုအမည်ပေးထားသည့် ဖောက်ခွဲရန် ကြံစည်မှုအတွက် တာဝန်ရှိသူ အရွယ်ရောက်ပြီးသူတစ်ဦးနှင့် ဆယ်ကျော်သက်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ “Fake Monster” ဟု ခေါ်ဆိုခြင်းမှာ လေဒီဂါဂါက၎င်း၏ပရိသတ်များကို ချစ်စနိုးဖြင့်ခေါ်ဆိုသည့် သူ၏အိမ်မွေးတိရစ္ဆာန်အမည်ဖြစ်သည့် “Little Monsters” ကို ရည်ညွှန်း၍ ခေါ်ဆိုခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

သံသယရှိသူများသည် ဆိုရှယ်မီဒီယာတွင် အာရုံစိုက်မှုရစေရန် ရည်ရွယ်၍ “ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြု၍ တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်” အွန်လိုင်းတွင် လူများကို စုဆောင်းခဲ့သည်ဟု ဆိုသည်။ ရီယိုဒီဂျနေရိုပြည်နယ်တစ်ဝန်းနှင့် ဆော်ပေါ်လို၊ ရီယိုဂရန်ဒီဒိုဆူးလ်နှင့် မာတိုဂရော့ဆိုပြည်နယ်များတွင် တရားရေးဝန်ကြီး ဌာနနှင့် ရဲများပူးပေါင်းဆောင်ရွက်၍ စစ်ဆင်ရေးကို လုပ်ဆောင် ခဲ့ကြသည်။

ရီယိုဒီဂျနေရိုးမြို့ပြရဲတပ်ဖွဲ့ အတွင်းဝန် ဖီလီပီ ကူရီ က ၎င်းတို့သည် LGBT များကို မလိုလားသောကြောင့် တိုက်ခိုက်ခြင်းဖြစ်ပြီး သံသယရှိသူများသည် ဘရာဇီးလ် LGBT အသိုင်းအဝိုင်းကို ပစ်မှတ်ထားရန် ကြိုးပမ်းနေသည်ဟု အာဏာပိုင်များက ယုံကြည်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ရီယိုဒီဂျနေရိုးမြို့ပြရဲတပ်ဖွဲ့ အကြီးအကဲ လူဝီ လီမာ က “လုပ်ကြံမှုနောက်ကွယ်က အဖွဲ့ဟာ အမုန်းစကားနဲ့ ကြမ်းတမ်းတဲ့ အကြောင်းအရာတွေကို အွန်လိုင်းမှာ ဖြန့်ချီခဲ့ပြီး ကြည့်ရှုသူ ပိုမိုများပြားပြီး ပါဝင်သူတွေ အများစုဟာ ဆယ်ကျော်သက်တွေ၊ အများစုဟာ ကလေးတွေပါ” ဟု ဆိုသည်။

ရီယိုမြို့တော်ခန်းမ၌ လူပေါင်း ၂.၁ သန်း ရှိသည်။ အဆိုပါဖျော်ဖြေပွဲ၌ ပွဲမစခင် နာရီပိုင်းအတွင်း သံသယရှိသူများကို ဖမ်းဆီးထား‌ေကြာင်း ဘရာဇီးအာဏာပိုင်များက ပြောကြားခဲ့ သော်လည်း အနှောင့်အယှက်မရှိဘဲ ပွဲကိုဆက်လက်ကျင်းပ နိုင်ခဲ့သည်။

လေဒီဂါဂါ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဂါဂါနှင့် သူ၏အဖွဲ့သည် ဖျော်ဖြေပွဲမတိုင်မီနှင့် ဖျော်ဖြေစဉ်ကာလအတွင်း ဘေးကင်းရေးဆိုင်ရာ ကိစ္စရပ်များကို မသိရှိခဲ့ကြောင်း၊ နောက်နေ့နံနက်တွင် သာခြိမ်းခြောက်မှုအကြောင်း ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေငြာချက်တွင် “သူ၏အဖွဲ့သည် ဖျော်ဖြေပွဲစီစဉ်ခြင်းနှင့် ဖျော်ဖြေပွဲစဉ်တစ်လျှောက်လုံး ရဲတပ်ဖွဲ့နှင့် အနီးကပ် လုပ်ကိုင်ခဲ့ပြီး ဘေးကင်းရေးအစီအမံများ၊ လုံခြုံရေးများ ကိုလည်း စိတ်ချယုံကြည်ကြသည်”ဟု ထပ်မံဖော်ပြခဲ့ပါသည်။

၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့သော LGBTQ သီချင်းဖြစ်လာသည့် ပေါ့ပ်အဆိုတော်လေဒီဂါဂါ၏ ဂန္တဝင်သီချင်းဖြစ်သည့် Born This Way သီချင်းကို ပရိသတ်များက သဘောကျနှစ်ခြိုက်ခဲ့ကြသည်။ အဆိုပါ စနေနေ့ဖျော်ဖြေပွဲတွင် စစ်တပ်နှင့် ရဲအရာရှိပေါင်း ၅,၂၀၀ ဖြင့် လုံခြုံရေးတင်းကျပ်ထားခဲ့သည်။

Ref: အယ်လ်ဂျာဇီယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန် လက်ရှိတွင် အစီအစဉ်မရှိဟု ဂျာမနီဆို

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက ပြောကြားသည်။ "လက်ရှိအချိန်တွင် ဤမေးခွန်းသည် ဆွေးနွေးစရာမဟုတ်သေးပါ"ဟု သူက ZDF ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သူ၏အဆိုအရ၊ ဤဒုံးကျည်များကို အသုံးပြုရန် အထူးလေ့ကျင့်မှုများ လိုအပ်သောကြောင့် ပေးပို့ရန် အချိန်နှင့် ပြင်ဆင်မှုများစွာလိုအပ်နိုင်သည်၊ သို့သော် ယူကရိန်းသည် ဗြိတိန်နှင့် ပြင်သစ်တို့မှ ထံမှ အခြားသော ခရုဇ်ဒုံးကျည်များ ရရှိလိမ့်မည်ဟု Merz က ဖြည့်စွက်ပြောကြားခဲ့သည်။ Taurus ဒုံးကျည်များ၏...

Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့်ခင်းကျင်းပြသလျက်ရှိ

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့် ယနေ့ မေ ၁၆ ရက်မှစတင်၍ ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြပွဲအားမြန်မာနိုင်ငံဒီဂျစ်တယ်ပုံနှိပ်နှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူ တာလုပ်ငန်းရှင်အသင်တို့ပူးပေါင်း၍ ယနေ့ မေ ၁၆ ရက်မှ မေ ၁၈ ရက်အထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသလျက်ရှိကြောင်း...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃) နှစ်စာချုပ်ဖြင့် Yangon Royals အသင်းခေါ်ယူ

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် (၂၁)နှစ်အရွယ် ထက်မြတ်လွင်သည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် လူငယ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ဇာတိဖွား တစ်ဦးဖြစ်သည်။ ၎င်းသည် ကွင်းလယ်မှ တို-က်စစ်ကို ဖော်ဆောင်ရာတွင် အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူဖြစ်သလို ယခုနှစ် လူငယ်လိဂ်တွင် ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားထားကာ ပွဲစဉ် (၃)ပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071