Friday, June 20, 2025

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ်...

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော်...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...
HomeInternationalလေစွမ်းအင်သုံး ရေအောက်ဒေတာစင်တာစီမံကိန်းရှန်ဟိုင်းတွင်စတင်

လေစွမ်းအင်သုံး ရေအောက်ဒေတာစင်တာစီမံကိန်းရှန်ဟိုင်းတွင်စတင်

ရှန်ဟိုင်း၊ ဇွန် ၁၁

တရုတ်နိုင်ငံသည် ရှန်ဟိုင်းရှိ ကမ်းလွန်လေရဟတ်ခြံမှ စွမ်းအင်ထုတ်သည့် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ရေအောက်ဒေတာစင်တာ (UDC) စီမံချက်ကို အင်္ဂါနေ့တွင်စတင်လိုက်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် စွမ်းအင်ထုတ်လုပ်မှုနည်းပညာများပေါ်တွင် နောက်ထပ် အရေးကြီးသော ခြေလှမ်းကိုရဲရဲဝံ့ဝံ့ စတင်လိုက်ခြင်းပင်ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံ လင်-ဂန်း အထူးဧရိယာ (Shanghai) ရှေ့ပြေး လွတ်လပ်စွာ ကုန်သွယ်ရေး ဇုံအနီးရှိ ရှန်ဟိုင်းကမ်းရိုးတန်းရေပြင်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ကာဗွန်နည်းသော ကွန်ပြူတာလုပ်ငန်းများအတွက် ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်ကို ဖြေရှင်းရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကွန်ပြူတာအခြေခံအဆောက်အဦးများ ပူးတွဲတည်နေရာကိုပေါင်းစပ်ထာသော စမ်းသပ်မှုဖြစ်သည်။

တရုတ်နိုင်ငံ လင်-ဂန်း အထူးဧရိယာ ရှန်ဟိုင်း (Shanghai) Pilot Free Trade Zone၊ Shanghai Lingang Special Area Investment Holding Group Co., Ltd. နှင့် Shanghai Hicloud Technology Co., Ltd. ကုမ္ပဏီတို့သည် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ စီမံကိန်းကို တရားဝင် စတင်ခဲ့ခြင်း ဖြစ်သည်။

လင်-ဂန်း အထူးဒေသ တရုတ်ရှန်ဟိုင်း (Shanghai) Pilot Free Trade Zone ၏ စီမံခန့်ခွဲရေး ကော်မတီ အကြီးအကဲ ချန်ဂျင်ရှန်က လင်ဂန်း စီမံချက်သည် သဘာဝပတ်ဝန်းကျင်ကို ထိခို-က်မှုနည်းသော  ကွန်ပြူတာ စွမ်းအားအတွက် စံညွှန်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ လင်ဂန်း စီမံကိန်းသည် UDCs အတွက် စံနမူနာအသစ်တစ်ခု ထူထောင်ထားကြောင်း ပြောကြားခဲ့သည်။

လင်ဂန်း၏ ရပ်တည်ချက်ဖြစ်သော “အရည်အသွေးသစ်ကွန်ပြူတာအခြေခံအဆောက်အဦးနှင့် AI အဆင်သင့်ဖြစ်နိုင်သောအခြေအနေများပေါင်းစပ်မှုသည် နိုင်ငံတကာအဆင့် နယ်စပ်ဖြတ်ကျော်ဒေတာစီးဆင်းမှု၊ ဉာဏ်ရည်တု AI ကွန်ပျူတာနှင့် ဉာဏ်ရည်ထက်မြက်သောချိတ်ဆက်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာဗဟိုအချက်အချာအဖြစ်ကို အားကောင်းစေရန် ကျွန်ုပ်တို့၏ရည်မှန်းချက်နှင့် ကိုက်ညီသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

သဘောတူညီချက်အရ Hicloud သည် ၂၄ မီဂါဝပ် (MW) ရေအောက်ဒေတာအစုအဝေးကို ထူထောင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အဆင့်မြင့်အအေးပေးနိုင်စွမ်းနှင့် ဒေတာပေါင်းစပ်မှုတို့ ပေါင်းစပ်ထားသည့် နှစ်ဆင့်စီမံကိန်းအတွက် ယွမ်ငွေ ၁.၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၂၂.၇ သန်းခန့်) မြှုပ်နှံမည်ဖြစ်ကြောင်း Hi cloud အထွေထွေမန်နေဂျာ စုယန်ကပြောကြားခဲ့သည်။

မော်ဂျူလာဒေတာယူနစ်အုပ်စုများကို လက်ခံပေးနိုင်သည့် အဆိုပါစက်ရုံသည် ပင်လယ်ရေဖြင့် အအေးခံပြီး ကမ်းလွန်လေစွမ်းအင်ဖြင့် မောင်းနှင်ပေးမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သောစွမ်းအင်ကို အသုံးပြုမည်ဖြစ်ကြောင်းနှင့် ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်သွားမည်ဖြစ်ကြောင်း စုက ပြောကြားခဲ့သည်။

ပထမအဆင့်ဖြစ်သော ၂.၃ မဂ္ဂါဝပ် နမူနာသရုပ်ပြစက်ရုံကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က သဘာဝနှင့်ကိုက်ညီသော၊ ကာဗွန်နည်းသော နည်းပညာဆန်းသစ်တီထွင်မှုအတွက်စံပြအဖြစ် သတ်မှတ်ကာ စက်တင်ဘာလတွင် စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။

ဒုတိယအဆင့်တွင် ဓာတ်အားသုံးစွဲမှု ထိရောက်မှု (PUE) သည် ၁.၁၅ အောက် (PUE)လျော့ချနိုင်မည်ဟုမျှော်လင့်ထားပြီး ၂၄ မဂ္ဂါဝပ်အထိ ထုတ်ပေးမည်ဖြစ်သည်။ အဆိုပါအဆင့်သည် လျှပ်စစ်စွမ်းအင် ထိရောက်မှု စံအဆင့်ဖြစ်ပြီး စွမ်းအင်သုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကမ်းလွန်လေရဟတ်များမှ ဓာတ်အားထုတ်ယူနေချိန်တွင် စွမ်းအင်သုံးစွဲမှု ထိရောက်မှုရှိကြောင်း ၎င်းက ဆိုထားသည်။

UDC ၏ သဘာဝပင်လယ်ရေအအေးပေးစနစ်သည် အအေးခံခြင်းစွမ်းအင်သုံးစွဲမှုစုစုပေါင်း၏ ၄၀-၅၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအောက်သို့ လျှော့ချပေးကာ အလုံးစုံစွမ်းအင်အသုံးပြုမှုကို ၃၀-၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသည်ဟု စုက ဆိုသည်။

ထို့အပြင် မြေယာအသုံးပြုမှု လျော့ပါးစေရန်နှင့် မြေယာအခြေခံချထားမှုများကြောင့် ကြုံတွေ့နေရသည့် မြေယာသယံဇာတရှားပါးမှုပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု မိုး/ဇလ အသိပေး

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေးထားသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခ-တ်ခြင်းကြောင့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်းစသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်တလျှောက် မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့်...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်တို့ အပြန်အလှန် တို-က်ခို-က်နေခဲ့သည်မှာ ၇ ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမေရိက၏ ဘန်ကာဖျက်ဗုံးများမှအပ ကျန်လက်နက်များသည် တိုးမပေါက်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှိသည်ဟု ယူဆထားသော တောင်တစ်လုံး၏အောက်တွင် တည်ဆောက်ထားသည့် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို တို-က်ခို-က်ခြင်းဖြင့် အီရန်ကို စတင်တို-က်ခို-က်မည်လားဆိုသည်ကို ထရမ့်ပ်က ချိန်ဆလျက်ရှိသည်။ သူ၏ သတင်းထုတ်ပြန်ချက်ကို...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ် တောင်းဆို

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ဘန်ကောက်ရှိ ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်၌ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်း ဆူဗာရီးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းနှင့် မီဒီယာများ၌ အများက ထင်မြင်ယူဆချက်များနှင့် သတင်းအချက်အလက်များ ပျံ့နှံ့နေမှုကြောင့် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စိုးရိမ်မိသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Pana Klaewplodthuk က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071