လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Michael Dunford တို့ နေပြည်တော်တွင် ယနေ့ ဩဂုတ် (၁၄)ရက်နေ့က တွေ့ဆုံခဲ့ကြသည်။
ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို ပြည်ဝင်ဗီဇာ နှင့် နေခွင့်ဆိုင်ရာ ကိစ္စရပ်များအဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှု၊ ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ညိနှိုင်းရေးမှုးရုံး UNRCO ၏ ညှိနှိုင်းချက်အရ UN INGO ဝန်ထမ်းများနှင့်မိသားစုများကို ရန်ကုန်မြို့တွင် ခေတ္တနေထိုင်ခွင့်ပြုထားရှိမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် နယ်မြေတည်ငြိမ်အေးချမ်းပါက ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရန် စေလွှတ်ဆောင်ရွက်မည့် အခြေအနေ ၊ WFP အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံပိုးရာတွင် MOU မှာ ပါရှိသည့် ထောက်ပံရေးနည်းလမ်းများဖြင့် အဆင်ပြေစွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအခြေအနေ ၊ရခိုင်ပြည်နယ် က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို UNHCR ဖြင့် လက်တွဲဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
တွေ့ဆုံမှုတွင် ဒုတိယဝန်ကြီးဦးဌေးလှိုင် အမြဲတန်းအတွင်းဝန် ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၁၃ ရက်နေ့ကလည်း
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိင်အား Mr. Michael Dunfordက သွားရောက်တွေ့ဆုံခဲ့သေးသည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ၊ သဘာဝဘေးပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
